RVTIACF chapter-(17)

Start from the beginning
                                    

"မိန်းမအမိန့်အတိုင်း လုပ်ပါ့မယ်"

ချူတုံ့ချီပြုံးပြီး သူ့မိန်းမကိုအရိုအသေပြုလိုက်တာက ဖန်ချင်းကိုပြုံးသွားစေသည်။ ဆုံးရှုံးမှုမရှိဘဲ ယိမိသားစုနဲ့အဆက်ဖြတ်နိုင်လိုက်တာကို သူတို့နှစ်ဦးလုံးပျော်ရွှင်နေကြသည်။ သူတို့ရှောင်းမိသားစုနဲ့ပူးပေါင်းမှုကို မျှော်လင့်နေကြသည်။

တစ်ဖက်မှာတော့ ယိကျန့်ဟုန်ကခေါင်းခဲလေပြီ။ အဲ့လိိုမျိုး အက်ဆီးဒန့်အသေးလေးက ပြင်းထန်တဲ့အကျိူးဆက်တွေ ဖြစ်လာမယ်လို့ထင်မထားခဲ့။ သူမနေနိုင်ဘဲ ချူမိသားစုကသူတို့ကလေးအပေါ် အရမ်းကာကွယ်တယ်လို့ ခံစားရသည်။ သူတို့လိုချမ်းသာတဲ့မိသားစုတွေမှာ တစ်ခါလောက်တော့ ဒီလိုပြသနာတွေရှိလာတာ ပုံမှန်ပဲမဟုတ်ဘူးလား?

အကျိုးဆက်ကြီးကြီးမားမားတွေ ဖြစ်မလာသေးခင်အထိတော့ ကောင်းကောင်းမွန်မွန်ရှိနေရမှာ။ ယိချန်လုပ်တာကနေ စေ့စပ်ပွဲဖျက်တာအထိတော့ အကဲပိုပေမယ့် သူပြသနာကိုထိန်းချုပ်နိုင်မှန်း ယိကျန့်ဟုန်သိနေသည်။ ချူမိသားစုသူနဲ့ အဆက်ဖြတ်တဲ့အခါ ပြင်ဆင်ဖို့အခွင့်အရေးလေးတောင် မပေးပေ။ ဒါကသူ့ကို စိတ်ဓာတ်ကျစေသည်။

တင်းမာမှုကိုပြေငြိမ်းစေဖို့ နည်းလမ်းကိုမစဥ်းစားခင် ယိချန်သူ့ဆီ ​ဖုန်းခေါ်လာသည်။ ယိချန်လေသံက ရေခဲတမျှအေးစက်လို့နေသည်။

"အဖေဘာပဲပြောပြော ကျွန်တော်ဒီစေ့စပ်ပွဲကို ဖျက်မှာ။ ကျွန်တော်ချူရှောင်းကို သည်းမခံနိုင်တော့ဘူး။ ဒီနေ့ကျောင်းက ကျောင်းသားပေါင်းရာချီရှေ့မှာ ကျွန်တော့်ကိုအရှက်ခွဲတယ်။ သူ့လို မိန်းမမျိုးကိုလက်ထပ်ရင် ဆယ်နှစ်လောက် အသက်တိုသွားလိမ့်မယ်! ကျွန်​
တော့် ခရက်ဒစ်ကတ်တွေကိုပိတ်ပြီး ချိန်းခြောက်ဖို့လည်း မကြိုးစားပါနဲ့။ အဖေဘယ်လိုနည်းပဲသုံးသုံး ကျွန်တော်ချူရှောင်းကို လက်မထပ်ဘူး။ အသုံးမဝင်ဖြစ်သွားလိမ့်မယ်!"

ယိကျန့်ဟုန် သူ့ကိုသရော်တော့သည်။

"မင်းသူ့ကို လက်မထပ်ချင်သေးဘူးပေါ့? အင်း...မင်းလက်ထပ်ချင်ရင်တောင် ရတော့မှာမဟုတ်ဘူး။ ချူမိသားစုက စေ့စပ်ပွဲကိုအတင်းအကျပ် ဖျက်လိုက်ပြီ။ မင်းနဲ့ချူရှောင်းက ဘာပတ်သတ်မှုမှ မရှိတော့ဘူး။ မင်းအခုပျော်သွားပြီလား? ကုမ္ပဏီက ယွမ်ဘီလီလျံနဲ့ချီပြီး ထိခိုက်ဆုံးရှူံးသွားပြီ။ အိမ်ဖော်သမီးမင်းရည်းစားက ယွမ်ဘီလီလျံချီနဲ့ တန်လို့လား?"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now