RVTIACF chapter-(17)

Start from the beginning
                                    

"တို့သမီးက ကောင်းကောင်းလုပ်နေတာပဲ။ အလုပ်မှာတော်ရုံတင်မဟုတ်ဘူး ဘဝကိုလည်းအတော်လေး အသည်းအသန်ဖြစ်နေရှာတာ။ ကောင်လေးနဲ့ပြတ်ပြီးသတ်​သေသွားတဲ့ အမျိူးသမီးတွေအကြောင်း သတင်းဖတ်ဖူးတယ်မလား? ချူရှောင်းအက်ဆီးဒန့်ကနေ အမြန်သက်သာလာရုံတင်မဟုတ်ဘဲ ဘဝမှာလည်းပိုတိုးတတ်တဲ့အလားအလာတွေ ရှိလာတာကို မြင်ရလို့ ကိုယ်တော့ဝမ်းသာမိတယ်။"

"ဒီအကြောင်းပြောမှ ယိကျန့်ဟုန်နဲ့ပြောတာရော ဘယ်လိုဖြစ်သွားလဲ? သူရှင်နဲ့အကြီး
ကျယ်ငြင်းခုံဖို့တော့ မ​ကြိုးစားဘူးမလား?

ဖန်ချင်းမှာလည်း ဒီသမီးတစ်ယောက်ပဲရှိသည်။ သူမသမီးကိုဆူဖို့ရိုက်ဖို့တောင် ဝန်လေးနေတာ။ သူမသမီးယိချန်ဆီကအနိုင်ကျင့်ခံရတာကိုသိသွားတော့ သူမအတော်စိတ်တိုမိသည်။ အခုတော့ ယိမိသားစုနဲ့ပတ်သတ်ပြီး သူမတွေးထားသမျှကို အော့ကြောလန်နေပြီဖြစ်၏။

ချူတုံချီ ညှင်သာစွာနှာမှုတ်လိုက်သည်။

"သူသာငါနဲ့အချင်းများရဲရင် ငါ့ကိုယ်ငါအထိခိုက်ခံပြီး သူ့ကိုအရေခွံနွာပစ်ရလိမ်မယ်။ စိတ်မပူပါနဲ့။ အခုဒီအစည်းအဝေးမှာ မင်းကိုပြောဖို့အချိန်မရှိဘူး။

ဒါမဲ့ဒီမနက်စောစောက သူ့နဲ့ဖုန်းပြောပြီးသွားပြီ။ စေ့စပ်ပွဲကိုဖျက်သိမ်းမယ့်အကြောင်းလည်း ဆွေးနွေးပြီးပြီ။ ရှောင်းရှောင်းနဲ့ယိချန်က အနာဂတ်မှာပတ်သတ်မှုရှိလာမှာမဟုတ်တော့ဘူး။"

ဖန်ချင်း စိတ်ချသွား၏။

"ကောင်းသားပဲ။ ပိုင်ရွယ်ဝေ့ကိုစောင့်ကြည့်ဖို့ အထူးလက်ထောက်လင်းကိုထားလိုက်မယ်။ ပိုင်လင်းနဲ့သူ့သမီးနှစ်ယောက်လုံး ယိချန်နာမည်နဲ့တိုက်ခန်းမှာ နေနေကြတာ။ သူတို့မပြောင်းရသေးပုံထောက်တော့ ယိကျန့်ဟုန်နဲ့သူ့မိန်းမက ယိချန်ကိုအပြစ်မပေးကြဘူးပဲ။
အနာဂတ်မှာ သူတို့လိုလူမျိုးတွေနဲ့ အဆက်အဆံလုပ်စရာကိုမလိုတာ။ အဲ့လိုဖြစ်လာတယ်ဆိုတာ ရှောင်းမိသားစုရဲ့တိုးတက်မှုက ယိမိသားစုနဲ့အဆက်ဖြတ်ပြီး ဖြစ်လာတဲ့လိုငွေတွေကို ဖြည့်ပေးနိုင်တယ်။ အနာဂတ်မှာယိမိသားစုနဲ့ဝေးဝေးနေပြီး ဒီတစ်လောက်ပူးပေါင်းမှုမှာ ရှောင်းမိသားစုနဲဆက်ဆံရေးတည်ဆောက်ရမယ်။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now