Part~9

5.5K 335 133
                                    

Unicode

ချည်အင်္ကျီအဖြူကိုရင်ဘတ်မှကြယ်သီးများဟကာ၀တ်ထားပြီး ကျောက်တုံးတစ်တုံးပေါ်ခြေတင်ရင်း ခါးထောက်မတ်တပ်ရပ်နေသည့် ဦးမာန်က အရှေ့ဘက်ကွင်းထဲ အားမာန်အပြည့် တစ်ညီတညွတ်တည်းလေ့ကျင့်နေကြသည့် အဖွဲ့၀င်အသစ်များ၏ လေ့ကျင့်မှုကို မမှိတ်မသုန်စိုက်ကြည့်နေ၏

ခါးတွင်ထိုးထားသည့်ပစ္စတိုနှင့် လက်ကိုင်အနက်ရောင်ရှိသည့်ဓါးမြှောင်ကတော့ ဦးမာန်၏ လက်စွဲတော်များဖြစ်သည်။ ခေါင်းဆောင်ဟူသည့် အရှိန်အ၀ါသည် တငွေ့ငွေ့မို့ ဦးမာန်ရှိနေသည်ကြောင့်ကွင်းထဲအဖွဲ့၀င်ဟောင်းများမှအစမည်သူမျှလက်လွှတ်စပါယ်မလုပ်ရဲ။

ပညာတတ်လူတန်းစားနည်းပါးပေမယ့် ဒီဒေသ ဒီနယ်ပယ်တွင် အရေးအကြီးဆုံးက သစ္စာတရားကိုအသက်လိုကိုးကွယ်ကြရန်ပင်ဖြစ်သည်။

ဒီဒေသတွင် အင်အားစုဆောင်းမှုသည်အရေးပါသည်။ များပြားလှသည့်အမည်အမျိုးမျိုး နှင့် နေရာဒေသခွဲအုပ်ချုပ်နေကြသည့် အဖွဲ့အစည်းများသည်ဒုနဲ့ဒေး။ မိမိအဖွဲ့အစည်းအင်အားကြီးမားစေဖို့ လုပ်ဆောင်လို့ရနိုင်သည့်နည်းသည် ၃ နည်းရှိသည်။

၁။ မဟာမိတ်ဖွဲ့ရန်
၂။ အင်အားသစ်စုဆောင်းရန်
၃။ မတရားကျူးကျော်သိမ်းပိုက်ရန်

ထိုနည်းလမ်း ၃ ခုထဲမှ အင်အားသစ်စုဆောင်းခြင်းကိုသာတစိုက်မတ်မတ်လုပ်ဆောင်သည့် ဦးမာန်သည် မည်သည့်အခါမျှ တစ်ပါးသူနယ်မြေကိုမတရားမကျူးကျော်တတ်။ ကျူးကျော်တိုက်ခိုက်သည့်မည်သူ့ကိုမဆိုလဲ ရက်ရက်စက်စက်နှိမ်နင်းပစ်ဖို့၀န်မလေးတတ်။

ထို့ကြောင့်လည်း တရားမျှတမှုနှင့် အဖွဲ့၀င်တွေအပေါ် အုပ်ချုပ်တတ်သည့် ဦးမာန်လက်အောက်သို့၀င်ရောက်ခိုလှုံချင်သူများသည်လည်းတကူးတက ရှာဖွေစရာမလိုသည်ကြောင့် ဦးနှိုင်းမာန်နက္ခတ် ဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့သည် ဤဒေသတွင်းသြဇာညောင်း၏

သြဇာကြီးမားလာလေ မဟာမိတ်ဖွဲ့ချင်သူတွေများလာပေမယ့် ဦးမာန်ကတော့ သူစိတ်တိုင်းမကျသည့်အဖွဲ့အစည်းဆိုမည်သည့်အခါမှ လှည့်မကြည့်တတ်။ ထို့ကြောင့်လဲ ဒီနေ့သည်အနည်းငယ်ထူးခြားသည်။

You've reached the end of published parts.

⏰ Last updated: Aug 11, 2022 ⏰

Add this story to your Library to get notified about new parts!

Smile Sparkle ShineWhere stories live. Discover now