Part~7

4.7K 333 80
                                    

Unicode

စခန်းရှေ့ ဟောဟဲဆိုက်နေသည့်သျှား....။ စခန်း၀န်းအတွင်း ရပ်ထားသည် Range Rova ၃ စီးကြောင့် အမောဆို့ရသည်။၃ ခါသာနားပြီး အရှိန်ကုန်ပြေးလာသည်က ကားနှင့် တက်လာသည့် ဦးမာန်ကိုမမှီ။

လက်ထဲကိုင်ထားသည့်ပစ္စည်းသည် ဦးမာန်ဆီပါသွားလို့မရ...။ ၇ နှစ်တာ ကာလအတွင်း သျှား ဦးမာန်အကြောင်း ကိုကောင်းကောင်းသိ၏။

ထို့ကြောင့်ဦးမာန်ဆီမသွားသေးပဲ စခန်း၀န်းဘယ်ဘက် အိပ်ဆောင်များဆီအရင်ပြေးရ၏။ ပါလာသည့်အိတ်ကို စိတ်ချရသူဆီ အပ်ကာ ဦးမာန်ဆီ ပြန်ပြေးရ၏။

မောဟိုက်နေပေမယ့် မနားနိုင်။ ဦးမာန်ကိုစောင့်ခိုင်းမိစေသည်ကပင် လွန်နေပြီဖြစ်သည်။

စိတ်ကိုပြင်ဆင်ခဲ့ပေမယ့် အောက်ထပ်၀င်၀င်ချင်းတွေ့ရသူကြောင့် သျှား တုန့်ကနဲ။

ဆေးလိပ်တစ်လိပ် လက်ချောင်းကြားညှပ်ကာ ခုံပေါ်ခပ်လျော့လျော့မှီထိုင်နေသည့် ဦးမာန်.....။ ခပ်ကျဥ်းကျဥ်းမျက်အိမ်များက အေးစက်စက်..။

အရှေ့ သွားရပ်သည့်အခါ အင်္ကျီတစ်၀က်ခန့်ချွေးများရွှဲနစ်နေသည့် သျှားကို ခေါင်းစခြေဆုံးတစ်ချက်ဝေ့ကြည့်၏ လည်ချောင်း၀တွင်ရပ်နေသည့်စကားလုံးတို့ကို အားယူပြောသည့်အခါ ခပ်တိုးတိုးသာ..။

"ကျွန်တော် ရောက်ပါပြီ ဦးမာန်.....နောက်ကျသွားပါတယ်"

"မင်းလက်ထဲကအထုပ်ရော"

စကားသံက ခပ်အေးအေးသာ..။ သို့သော် သျှား မဖြေရဲပါ။

"........"

"သွားယူခဲ့"

"........"

"ထင် သျှား ဟန်!!"

ခေါင်းငုံ့ရ့ပ်ကာပြန်ဖြေမလာသည့်သျှားကို ဦးမာန် စိတ်မရှည်တော့ပုံပင်။ ခပ်ကျယ်ကျယ်ခေါ်ခံလိုက်ရသည့် နာမည်ကြောင့် ဆတ်ကနဲ တစ်ချက်တုန်ကာ ပြန်ဖြေရသည်။ သျှား ယူပေးလို့မဖြစ်ပါ။

"ဗျာ...."

ဦးမာန်သည်ကြိမ်းသေ ထိုပစ္စည်းကိုတစ်စစီ ဖျက်ဆီးပစ်လိမ့်မည်။ မွေးနေ့ရောက်ရန်အများကြီးမလိုတော့။ ဒီကြားထဲ နယ်စပ်ဘက်ထပ်သွားစရာကိစ္စလဲမရှိ။ ဒါဆို သျှား နောက်တစ်နှစ်ထပ်စောင့်ရလိမ့်မည်။ ထို့ကြောင့် ယူပေးလို့မဖြစ်ပါ။

Smile Sparkle ShineWhere stories live. Discover now