Part~1

6.3K 349 39
                                    

Unicode

ရွှေတြိဂံနယ်မြေ

နိုင်ငံသုံးနိုင်ငံထိစပ်ရာနယ်နိမိတ်....

Opium ဟုခေါ်သည့် ဘိန်းပင် တို့တွင်တွင်ကျယ်ကျယ်စိုက်ပျိုးရာဒေသ....

heroin အများဆုံးထွက်ရာနေရာ....

နိုင်ငံသုံးနိုင်ငံ၏ ဥပဒေ တို့ မသက်ရောက်နိုင်သည့်အပိုင်းအခြား....

ထိုဒေသ က ရွှေတြိဂံနယ်မြေဟုခေါ်သည့် မူးယစ်နယ်မြေ တစ်ခု....

များပြားလှသည့်အဖွဲ့အစည်းများကြီးစိုးရာထိုဒေသ တစ်နေရာ...တောင်ပတ်လည်၀န်းရံထားသည့် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရွာသားတို့၏ အလုပ်အကိုင်တည်ရှိရာမှာ ဘိန်းစိုက်ခင်းတွင်အခြေတည်၏

လူနေအိမ်များနှင့်ခပ်ဝေးဝေးတွင်တည်သည့် လက်နက် ကိုင် အဖွဲ့အစည်း စခန်းချရာနေရာတစ်ခုအတွင်း....

စစ်စိမ်းရောင်အင်္ကျီနှင့် ပျောက်ကျားဘောင်းဘီ၀တ် သက်လတ်ပိုင်းယောကျာ်းတစ်ယောက် မှ ကျည်ကဒ်နှင့် ပစ္စတိုထည့်ချိတ်ထားသည့် ခါးပတ်ပေါ် လက်တစ်ဖက်ထောက်ရင်း တစ်နေရာကိုစူးစိုက်ကြည့်နေသည်။

ခပ်ကျဥ်းကျဥ်းချွန်ချွန်မျက်အိမ်အောက် အညိုရောင်မျက်၀န်းတစ်စုံက အေးစက်စက်...။

*ဒိုင်း*   *ဒိုင်း*   *ဒိုင်း*   *ဒိုင်း*   *.......*

ဆက်တိုက်ထွက်သွားသည့် သေနတ်သံပြီးနောက် သျှား ခါးကြားထဲ သေနတ်ပြန်သိမ်းပြီး ခပ်လှမ်းလှမ်းမှ ရပ်နေသူရှေ့ ဦးတည်လိုက်သည်။

ခပ်မြင့်မြင့်အရပ်ကို မော်မကြည့်ရဲစွာ ခြေသလုံးတစ်၀က်လောက်ထိရှိသည့် အနက်ရောင် leather boots အရှည်နှင့် ခြေတံခပ်ရှည်ရှည်ဆီသာအကြည့်ပို့ရ၏

"စောက်သုံး ကိုမကျပါလား"

အေးစက်စက်အသံအောက် အနောက်ပို့ထားသည့်လက်နှစ်ဖက်ကိုတင်းနေအောင်ဆုပ်မိသည်မှလွဲ ပြောစရာစကားမရှိ။

"ဒီကောင့်ကိုဒူးထောက်ခိုင်းထား"

training ဆရာကို လှမ်းမှာ၍ လှည့်ထွက်သွားပေမယ့် သျှား ခြေလှမ်းတို့အနောက်မှ လိုက်ရသည်။

Smile Sparkle ShineWhere stories live. Discover now