Part~8

6.1K 381 175
                                    

Unicode

လုပ်စရာအလုပ်ပြီးသည်နှင့် ဆင်ဦးစီးကြီး ရဲခေါင်တစ်ယောက် ရှပ်အင်္ကျီနှင့်ကွက်စိပ်ပုဆိုးကို၀တ်ထားကာ
လက်တစ်ဖက်က ကြံရည်ထုပ်ကိုကိုင် တစ်ဖက်က ကြံချောင်းကိုကိုင် ၍ ဆင်စခန်းမှထွက်ချလာသည်။

ယခင်နှင့်မတူစွာ ဆင်စခန်းတွင်းအလုပ်လုပ်တဲ့အချိန်မှလွဲ ကျန်တဲ့အချိန်တွေဆို အကွက်စိပ်ပုဆိုးနဲ့ ရှပ်အကျီကိုသာ ဝတ်၍ ရှိုးအပြည့်ဖြစ်နေတဲ့ ရဲခေါင်ကို လက်အောက်ငယ်သားတို့က တကြည့်ကြည့်..။

ဆင်ဦးစီးကြီး ဆရာလေးအိမ်ဘက် ခြေရှုပ်နေတယ်ဆိုတဲ့စကားကိုတော့ ဘယ်ကောင်ဖွလိုက်သည်မသိ။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး စနောက်ပြောဆိုနေကြသည်ကိုတော့ မသိချင်ယောင်ဆောင်လိုက်သည်။

သို့သော် စာကျက်ဖို့များပါရင်တော့ တိုးတိုးတိတ်တိတ်ကျက်ရသည်အထိ ရဲခေါင်သတိထားနေရသည်။ ဒီအကြောင်းသာ စခန်းထဲကကောင်တွေသိသွားလျှင် ၂၄ နာရီမပြည့်ခင် ရွာ ၇ ရွာလောက်ထိုသတင်းပြန့်သွားပေလိမ့်မည်။

"ရဲခေါင် နှေးတိနှေးကွေးလျှောက်မနေနဲ့ မြန်မြန်လာ"

အိမ်အဝင်ကနေ ခါးထောက်ပြီး လှမ်းအော်နေတဲ့ဆရာလေးက ကြံတစ်ချောင်းကိုက်ရင်း ခပ်ဖြည်းဖြည်းလာနေတဲ့ ရဲခေါင်ကိုသိပ်စိတ်ရှည်ပုံမပေါ်။

"ဘယ်သွားမလို့လဲဗျ ဆရာလေး"

"ခေါင်းဆောင် တို့ဆီ သွားမလို့
မင်းလဲ စာသင်ဖို့လာရင်းမလို့ စောင့်နေတာ
အဖော်ခေါ်မလို့လေ လိုက်မှာလား"

"လိုက်ခဲ့မယ်လေ ဆရာလေး"

"အင်း ခဏစောင့် ထည့်စရာရှိတာ သွားထည့်လိုက်ဦးမယ်"

"ဟုတ်ကဲ့"

ဆရာလေးကို ပြန်ဖြေပြီးတာနဲ့ လက်ကျန် ကြံချောင်းကို စုပ်လို့ အရှေ့က ရေကန်မှာ လက်ရေဆေးပြီးမှ အိမ်အ၀မှ ထိုင်ခုံဆီ ရဲခေါင်ဝင်ထိုင်လိုက်သည်။
၅မိနစ်မျှအကြာတွင် ပြန်ထွက်လာသည့် ဆရာလေးက လက်တစ်ဖက်က ချိုင့်တစ်ချိုင့် တစ်ဖက်ကတော့ မုန့်တစ်ခုကို ကိုင်လျက်သား...။

"ရော့ ရဲခေါင်"

"ဗျာ  ဟုတ်"

လက်တစ်ဖက်က ကိုင်ထားသည့် မုန့်ကို ရဲခေါင်စီလှမ်းပေးနေသည်မို့ အမြန်ယူလိုက်ရ၏။
ဝိုင်းဝိုင်းလေးနှင့် ဆီကြော်မုန့်လို..
ဘာမှန်းတော့ ရဲခေါင်မသိ။

Smile Sparkle ShineWhere stories live. Discover now