" ကိုယ် လွှားကို လက်ထပ်ပါရစေ "

တုံ့ဆိုင်းခြင်းမရှိ အေးစက်စက်နဲ့ ပြောလာသောစကား။ လွယ်လိုက်တာ ။ ကိုကိုဟာ ဒီစကားကို ဘာခံစားချက်မှ မပါဘဲ လွယ်လွယ်ပဲပြောထွက်ခဲ့တယ်။

" ဘာလို့လဲ... ကိုကိုမှ လွှားကို မချစ်ဘဲ "

ချစ်နှစ်သက်ရသောသူနဲ့ ကွေကွင်းရခြင်းဒုက္ခ၊ မချစ်မနှစ်သက်သောသူနဲ့ပေါင်းသင်းရခြင်း ဒုက္ခ ။ ကိုကိုဟာ ဒုက္ခတွေကို ကိုယ်တိုင် ရှာဖွေပြီး တိုးဝင်နေသူ။ ဒါတွေဟာလည်း လွှားကြောင့်ဖြစ်လာသည်ပဲ။ ကိုကိုဟာ ကိုယ့်ကိုယ်ကိုအပြစ်ပေးနေသည်လား။ ချစ်တဲ့သူတွေကိုအပြစ်ပေးနေသည်လား။ သေချာသည်က ချစ်ခြင်းတွေအကုန်လုံးပေါ်မှာ နာကျင်ခြင်းတွေ။

" ကိုယ် လွှားကို သံယောဇဉ်ရှိပါတယ် "

သံယောဇဥ်တဲ့။ လွဲမှားနေသောသံယောဇဥ်။ အေးခဲ​နေသော သံယောဇဥ်။ ရှုပ်ထွေးနေသော သံယောဇဥ်။ နာကျင်ဖို့အတွက် သိပ်ကိုလုံလောက်နေတဲ့ သံယောဇဥ်။

" လွှား မှတ်ဉာဏ်ကြောင့်လား ကိုကို"

ကိုကိုဟာ ဖြေးညှင်းစွာ လှည့်လာပြီး လွှားနဲ့မျက်နှာချင်းဆိုင်သည်။ အံ့သြနေတဲ့ မျက်ဝန်းတွေနဲ့အတူပေါ့။ လွှားသိနေခဲ့ပါလား ဆိုတဲ့ အကြည့်တွေမှာ ရင်မဆိုင်ရဲမှုတွေ ပါဝင်နေပြန်သည်။

" လွှား က သနားစရာကောင်းနေလို့လားဟင် "

ကိုကိုက ခေါင်းကိုအသွင်သွင်ခါရမ်းသည်။ ကိုကိုက ဦးတည်ချက်တွေပျောက်နေတဲ့ စွန်လိုပဲ။ ကိုကိုဟာ လေဟာနယ်ထဲမှာ မျှောလွင့်နေတဲ့​လေတံခွန်လို။ ရှုပ်ထွေးနေတဲ့ ကြိုးတွေလို ။

" ကိုကို ပျော်မယ်ထင်လို့လား "

" ကိုယ်... "

နှုတ်ဆိတ်နေတဲ့ ကိုကိုရဲ့ မျက်ဝန်းတွေက​တော့ တ်ိတ်ဆိတ်မနေ။ ကိုကိုပြောချင်တာတွေကို လွှားက ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။

" လွှား ကိုကို့ကို လက်မထပ်ချင်ဘူး ကိုကိုလည်း လွှားကို လက်မထပ်ချင်ပါဘူး "

နာကျင်ခြင်းမှုကို ဖက်တွယ်ရင်း တိုးဖွဖွဆိုသည်။ အမြင်အာရုံတွေဟာ မှုန်ဝါးဝါး။ ငိုမိသည်။ မထိန်းသိမ်းနိုင်ဘဲငိုမိပြန်သည် ။လွှားရော ... လွှားရော မျက်ရည်ကျခွင့်ရှိတယ်မလားဟင် ။

When You Find Lost Love Againजहाँ कहानियाँ रहती हैं। अभी खोजें