နှုိင်းသည် နှုတ်ခမ်းတစ်ဖတ်တွန့်ရုံပြုံးပြီး

"Kristin ကိုယ့်အချိန်တွေကုန်တယ်နော် အားမနာပဲပြောလိုက်ပါ ကိုယ် အဲ့ဒီ့မြေကွက်ကို ဘယ်လိုနည်းနဲ့ ပြန်ရမှာလဲ"

"သခင်ကလဲကွာ ခနလေးနေပါအုံး မတွေ့ရတာကြာလို့ စကားပြောတာကို အလုပ်အကြောင်းကြီးပဲ ဘာလို့ရောက်သွားရတာလဲ"

"Kristin ကိုယ်မင်းနဲ့အခုလိုလာတွေ့တာက မြေကွက်ကြောင့်ပဲ တစ်ခြား ဘာအကြောင်းမှမဟုတ်ဘူး တစ်ကယ်လို့ မြေကွက် အကြောင်းမပြောဘူးဆိုရင် ကိုယ့်အချိန်တွေကို ထပ်အကုန်မခံနိုင်တော့ဘူး ခွင့်ပြုပါအုံး"

ဆို၍ နှုိင်းသည်ထိုင်ရာမထလိုက်ပြီးကုတ်အိကျီကြယ်သီးကိုတတ်ကာ ဒေါင့်ဝိုင်းက ဇနဆီ့သွားမယ်လုပ်တော့ kristin ရဲ့နောက်ကဖတ်တာကိုခံလိုက်ရပြီး နောက် မှာ သူတို့အားလှမ်းကြည့်နေသည်ဇနလဲ ပိုမိုပြီးအံ့ဩသွားပြီး အခြေအနေကို နားမလည်နိုင်တော့ပေ။

တစ်ဖတ်က နှုိင်းသည် kristin ဖတ်ထားတဲ့လက်ကိုဖြေချပြီးနောက် kristinဆီ့မှ မကျယ်တစ်ကျယ်စကားသံလေးက ဇနပါကြားသွားခဲ့သည်။

"Daddy မသွားပါနဲ့ !"

နှုိင်း အနောက်ကိုပြန်လှည့်ပြီး Kristin အားမျက်မှောင်ကျုံကာစိုက်ကြည့်ပြီး

"မင်းကို ငါပြောပြီးသား မင်းနဲ့ငါရဲ့အကန့်က ပြီးပြီ အခုလိုလုပ်နေတာတော်လိုက်တော့"

"Daddy!"

ဆိုပြီးနှိုင်းလက်အားအတင်းဆွဲကပ်နေတော့သည်။

ဇနကသည် မျက်မှန်တွေ maskတွေချွတ်ကာ နှုိင်းရှိရာကိုထသွားပြီး နှုိင်းလက်ကိုဆွဲထားတဲ့ kristinကို တွန်းလိုက်ကာ kristin ရဲ့ပါးကို ရိုက်ချလိုက်သည်။

ဖြန်း!!

Kristing အရိုက်ခံရသည်အတွက်မျက်နှာကတစ်ဖတ်သို့လှည့်သွားပြီး လက်ဖြင့် ပါးအားကိုင်ကာ မျက်စောင်းထိုး၍ ဇနကိုကြည့်ပြီးနောက်ဇနရဲ့ လည်ပင်းနားကအစကိုဆွဲကာ ထိုးမည်ကြံပေသည်။

"ဇနသော်တာ မင်း!"

နှုိင်းသည် ကြားထဲကနှင့် Kristing ရဲ့လက်ကိုလှမ်းဖမ်းအား Kristingအား စူးရှနီရဲသော အဆိပ်ပြင်းပေ သော မျက်လုံးတို့ဖြင့်ကြည့်ကာ အားရစရာစကားတစ်ခွန်းပြောချလိုက်သည်

Uncle And Me (House Slave Season3)Where stories live. Discover now