" ဟမ်....မင်းစိတ်မဆိုးဘူးလား "

ထိုသူငယ်ချင်းနှစ်ယောက်ကြား ပြဒါးရံမှာ ကြားလူအဖြစ် ဝင်မပါဘဲ ချောင်ကပ်နေလိုက်လေသည်။  ထို့ပြင် သူတို့နှစ်ယောက်အမြဲ တစ်ပူးပူးတတွဲတွဲလုပ်နေတာ အခြားလူတွေသတိမထားမိတာ ဖြစ်နိုင်ပါဦးတော့ လေပြေရှင်းလို ထက်မြက်တဲ့လူက မရိပ်မိတာမနိုင်စရာပေ။ သို့သော် ဆင့်အတွက်တော့ ကြီးမားတဲ့ရှော့ရမှုတစ်လက်ဖြစ်လာခဲ့သည်။

" ငါစိတ်ဆိုးတော့ကော မင်းတို့ကမတွဲတော့ဘူးလား "

" အဲ့တာတော့မဖြစ်နိုင်ဘူး "

" ဒါဆိုဘာလို့ ငါ့သဘောထားကို လာမေးနေတာလဲ "

" ဘယ်ချိန်ထဲကသိနေခဲ့တာလဲ ငါ့ကိုမြန်မြန်ပြောပြ "

" အတော်လေးကြာပြီ တစ်နှစ်နှီးပါးလောက်ရှိတော့မယ်။ မင်းဘက်ကအရင်စဖွင့်ပြောမှာကို စောင့်ရင်းနဲ့အချိန်တွေ အဲ့လောက်ထိကြာသွားတာပဲ "

" ငါနဲ့ရံ စတွဲထဲကသိနေခဲ့တာလား "

" ဆိုပါတော့ "

" ငါပြောပြဖို့ကြိုးစားပါသေးတယ်။ ငါပြောလိုက်ရင် မင်းလက်မခံနိုင်ဘဲ အဆက်အသွယ်ဖြတ်သွားမှာကြောက်လို့ "

" ငါတို့ငယ်ငယ်ထဲက အတူရှိလာခဲ့ကြတာ ။ လက်တွဲဖော်က မိန်းကလေးဖြစ်ဖြစ် ၊ယောက်ျားလေးဖြစ်ဖြစ်ကိစ္စမရှိဘူး မင်းအပေါ်ကောင်းပေးနိုင်ရင်ရပြီ။ "

" အင်း "

" ပြီးတော့ နှစ်ယောက်သား ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်မဟုတ်ဘူးလား။ စောစောကလို နမ်းနေကြတာ ငါမဟုတ်ဘဲ အခြားတစ်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ "

" နေပါဦး လေပြေရှင်း ဒါက companyက ရာထူးအကြီးဆုံးလူရဲ့ ရုံးခန်းလေ ဘယ်သူက တံခါးမခေါက်ဘဲ ဝင်လာရဲမှာလဲ "

" မင်း ... မင်းငါ့ကိုပြောချင်တာလား။ ငါအရမ်းလောနေလို့ ဖြစ်သွားတာပါ "

" ငါမင်းလို့မပြောမိပါဘူးနော် "

" ကောင်းပြီကောင်းပြီ နှစ်ယောက်လုံးတော်ကြတော့ ။ ရှင်း ရဲ့လာရင်းကိစ္စကိုပြောကြရအောင် "

Hate Poem Written With Love࿐Hikayelerin yaşadığı yer. Şimdi keşfedin