Part 31 (final)

24.7K 1.1K 86
                                    

'' ဖေဖေ...နို့... နို့.. ''

'' ကဲကဲလေး..ခုံမှာ ငြိမ်ငြိမ်ထိုင်နေလေ...ဖေဖေ ယူလာခဲ့မယ် ''

'' ညီညီ...ခနစောင့်နေအုံး...''

'' ဖေဖေ အအေးခံနေတယ် ညီညီ...''

ထမင်းစားခန်းထဲရှိ စားပွဲဝိုင်းကြီးတွင် Sweety ခုံပေါ် ချီတင်ပေးထားသည့် အတိုင်း ငြိမ်ငြိမ်လေးထိုင်နေသော ဝမ်ဝမ်းလေးနဲ့ အဲအဲလေးက အငြိမ်မနေသော သူတို့ညီ ကဲကဲလေးကို Sweety နွားနို့ အအေးခံသည်အား ရှင်းပြပြီး ငြိမ်ငြိမ်နေရန် ကဲကဲလေး လက်မောင်းတဖက်ဆီကို ထိန်းကိုင်ရင်း  ချော့ပြောနေကြသည်။

အသက်လေးနှစ်အရွယ်ချင်းအတူတူ ဝမ်ဝမ်းလေးနဲ့အဲအဲလေးက အနေအေးပြီး လူကြီးဆန်ကာ အငယ်လေး ကဲကဲကတော့ ခုကထဲက ရှက်ပြာလူးစိန်​။

အကိုနှစ်ယောက် ရော အဖေနှစ်ယောက်ကိုပါ ကပ်ချွဲလွန်းသည့် အချွဲလေး ဖြစ်သည်။ သူ့ဘွားဘွားရဲ့ အသဲကျော်လေး ဖြစ်နေသည်မှာမစမ်းလှပေ။

Sweety နွားနို့အအေးခံ ပြီးနောက် သားသားတို့ရှေ့ တစ်ခွက်စီ ချပေးလိုက်သည်။ ပေါင်မုန့်ကြော်ကို အနေတော်အပိုင်းလေးတွေ ကိုက်ပေးလိုက်ပြီး ခရင်းနဲ တပန်းကန်ပြားစီ ချပေးလိုက်သည်။ ဒေါ်လေးက တရားစခန်းဝင်နေသည်မို့ ခုဆယ်ရက်အတွင်း အချက်အပြုတ်က Sweety ဒိုင်ခံ ဖြစ်သည်။

Sweety ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး နွားနို့ သောက်ရင်း သားသားတို့ စားနေသည်ကို အကဲခတ်လိုက်သည်။ ဝမ်ဝမ်းနဲ့အဲအဲက အိန္ဒြေလေးနဲ့ သူတ်ို့ဝေစု စားနေသော်လည်း အမောင်ကဲကဲတို့က ခရင်းကို လက်ကမချ ပလုတ်ပလောင်း စားလိုက် နွားနို့သောက်လိုက်နဲ့ သူ့အကိုနှစ်ယောက်ရဲ့ ပန်းကန်ထဲ လှမ်းကြည့်နေသည်။

Sweety ရော ဦးပါ ကဲကဲလိုအစားမပုတ်၊အငယ်လေးကြမှ ဘယ်သူ့ကို သွားတူသည်မသိ အစားပုတ်လေး ဖြစ်နေသည်။

သူ့လို ဆံသားညိုညိုလေး ပိုင်ဆိုင်ထားပြီး မျက်နှာချိုတာရော ရယ်လိုက်တိုင်း ေပါ်လာတဲ့ ပါးချိုင့်ခွက်ခွက်ကြီးကြောင့် သူ့ဖေကြီးရဲ့ အသဲကျော် ဖြစ်နေသည်။

အကြီးနှစ်ယောက်ကလဲ မိနစ်ပိုင်းသာခြားသည့် သူတို့ညီငယ်ကို အရွယ်အလွန်ကွာသည့် အငယ်လေးလို အလျော့ပေး ချစ်ပေးကြသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now