Part 4

35.8K 2.5K 64
                                    


          '  ......  ဒုန်း...ဒုန်းး.....'

'' Sweety ...ငါ အထဲ ဝင်လာမလို့....''

'' လာလေ.... ဟန်သာ...''

ရေချိုးပြီး ခေါင်းလျှော်ထားသည်ကို ပုဝါနဲ့ သုပ်နေရင်း
အပြင်ကနေ တံခါးထုပြီး ဝင်ခွင့်တောင်းနေသော ဟန်သာကို
ပြန်ဖြေလိုက်၏။ မကြာမီ တံခါးဖွင့်လာပြီး ဟန်သာ ဝင်လာသည်။

ဟန်သာ့နာမည်အရင်းက ဟန်သာထက်မြတ် ၊  HanThar hospital ပိုင်ရှင် ဦးဟန်သာရဲ့ တစ်ဦးတည်းသော သားဖြစ်သည်။ ငယ်ပေါင်းတွေမို့ ဝါသနာတူ စိတ်တူကိုယ်တူ သူငယ်ချင်း များဖြစ်ခဲ့ကြသည်မှာ ခန့်ကိုနဲ့ရဲသူ သူ့ဘဝထဲ ဝင်မလာခင်အချိန်ထိဖြစ်သည်။ နောက်တော့ ဟန်သာက
သူတို့နှစ်ယောက်ကို သိပ်မပေါင်းနဲ့ ကြည့်မရဘူးဆိုပြီး ပြောလာသည်၊တဖက်က နှစ်ယောက် ကလဲ Sweety အနားမှာ မိတ်ဆွေစစ် တွေမရှိမှ သူတို့အကြံအစည်တွေ
မြန်မြန်အကောာင်အထည်ပေါ်မှာမို့ ဟန်သာနဲ့သူ့အကြား အမျိုးမျိုးသွေးထိုးပေးခဲ့သည်မို့ သူ မသေဆုံးမီ တစ်နှစ်လောက်မှာ ဟန်သာနဲ့သူငယ်ချင်းဆက်ဆံရေး လုံးဝပျက်သွားခဲ့သည်အထိ။

အဟက်....သူ အတော်  တုံးအပြီး စုံလုံးကန်းခဲ့တာပဲ ။

ဟန်သာ အခန်းထဲ ေရာက်လာတော့ မှန်တင်ခုံရှေ့မှာ ထိုင်​ပြီး ခေါင်းသုပ်နေရင်းနဲ့ ပြုံးနေသော Sweety ပခုံးကို လက်တဖက်နဲ့ အသာပုတ်လိုက်ပြီးနောက်

'' ဟေ့ကောင်...မင်းဘာတွေ တွေးပြီး ပြုံးနေတာလဲ ဟ..''

ဟန်သာ့အမေးအား သူ ခေါင်းခါပြီး အဖြေပေးလိုက်ကာ ကျောင်းကို ဆိုင်ကယ်နဲ့ သွားမည့်အကြောင်း ပြောလိုက်တော့

'' သိပါတယ် ကွ...Biker တွေ ဆိုင်ကယ်မစီးမှပဲ ထူးဆန်းနေတော့မှာ..ဟ..ဟ...''

'' ခဏစောင့်အုံး...ငါအဝတ်လဲရင်း နဲနဲ ရွှိုင်းလိုက်အူံးမယ်... ''

'' အေးဆေးလုပ် သားရီး... ခု​ေန့ ကိုကို့ကို အစောကြီး လိုက်ပို့ရတာ၊ အာ့နဲ့ မင်းဆီ စောရောက်လာတာ...''

သူမပြောလဲ Sweety သိပြီးသား၊အဖြေမရခင်ကတောင် ကဲကဲဲသည်းသည်းနဲ့ကောင်က အဖြေရပြီးတော့ ရောဂါက ပိုဆိုးသွားရောပေါ့။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now