Part 24 U

23.7K 1.5K 58
                                    

'' ဟား.....ခုမှပဲ လွတ်လပ်တော့တယ် ''

'' ငါတို့ အောင်မှာတော့ သေချာပါတယ် ''

'' Sweety သားရီး ငါတို့က Genius တွေလေကွာ ဟားဟားး..''

'' ဘယ်နားက genius တာတုန်း.. ''

ကိုမင်းမြတ် နဲ့ ​ပြန်အဆင်ပြေသွားတော့ အူရွှင်နေတဲ့ အကောင်။

'' ဟိုမှာ မင်းလူကြီး စောင့်နေတယ်...မနက်ဖြန် မနက် တွေ့ကြမယ် သားရီး..ငါ ကိုကို့ဆီ ဒိုးပြီ ''

final exam နောက်ဆုံးရက် ဖြစ်သည်ကြောင့် ကျောင်းသားတိုင်း တတ်ကြွပျော်ရွှင်နေကြသည်။

Sweety ကို မြင်သည်နှင့် ကားနားကနေ Sweety နားကို လျှောက်လာသည့် ဦးက အရမ်းတည်ကြည်ခန့်ညား ချောမောနေပါ၏။

သူ့ဆီမှ ကျောပိုးအိတ် ကို လက်တစ်ဖက်နဲ့ ပြောင်းယူပြီး ရေခဲမုန့်စားမလား မေးနေသော ဦးက သူ့အတွက် အနှိုင်းမဲ့ ချစ်ပေးသူ ဖြစ်၏။

Sweety ထက် မြန်မြန် လျှောက်သွားသော ဟန်သာက ကိုမင်းမြတ်ဆီရောက်သွားပြီး ကားတောင် မောင်းသွားသည်။ သူတို့အနားရောက်တော့ နှစ်ယောက်သား လက်ပြသွားပြီး မနက်ဖြန်တွေ့ကြမယ်ဟု အော်သွားလေသည်။

အကြောင်းမှာ မင်္ဂလာဆောင်ဖို့ကိစ္စ သူတို့နှစ်တွဲ တိုင်ပင်ဖို့ဖြစ်၏။ ဟန်သာထက်မြတ်တို့က မင်္ဂလာဆောင်ရင် Sweety တို့နဲ့ နှစ်တွဲအတူဆောင်ချင်သည်တဲ့လေ။

'' ဦး စာမေးပွဲ ဖြေနိုင်လား လို့ ဘာလို့မမေးတာလဲ ''

'' ဦး ကလေးငယ် ဖြေနိုင်မယ်ဆိုတာ ယုံကြည်လို့ ''

သူ့ဘက် ခါးကိုင်းပြီး ခါးပတ်ပတ်ပေးနေသော ဦးရဲ့ နဖူးကို သူအသဲယားစွာ တစ်ချက်နမ်းလိုက်သည် ။

'' ဒီလို နမ်းရတယ် ကလေး ''

Sweety ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ပြီး သူ့နှုမ်းခမ်းထက် ကျရောက်လာသော ဦးအနမ်းတို့ကို သူ မြတ်နိုးမှုများဖြင့် ကျေကျေနပ်နပ်ကြီး ခံယူနေမိသည်။

နောက်ဆုံး နောက်က ကားတွေ ဟွန်းတီးမှသာ အနမ်းတို့ ရပ်တန့်လိုက်ပြီး နှစ်ယောက်လုံးရယ်မိကြသည်။

ကားလေးက အရှိန်တစ်ခုနဲ့ မောင်းထွက်သွားသည်။  သူတို့နှစ်ယောက် ရဲ့ လက်ဖဝါးနှစ်ခုကိုလဲ အိမ်ပြန်ရောက်သည်အထိ မဖြုတ်တမ်း ဆုပ်ကိုင်ထားခဲ့ကြလေ၏။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now