Part 1 U&Z

68.3K 3.1K 54
                                    

'' ခန့်....Seven Hotel က ဘယ်တော့မှ ငါတို့ လက်ထဲ ရောက်မှာလဲ၊ စောင့်ခဲ့ရတာ နှစ်နှစ်ကျော်ပြီနော်...ငါ စိတ်မရှည်တော့ဘူး... ''

'' ခဏပဲ ထပ်စောင့်ပေး baby...ဟို ငတုံးလေး လက်မှတ်ထိုးပေးအောင် စီစဥ်ထားတယ်၊အနုနည်းမရရင် အကြမ်နည်းပေါ့...''

''ပြီးတော့ Hotel က သူ့မိဘဘက်တော်သားတွေကိုလဲ ကိုယ် အလုပ်ထုတ်ပလိုက်ပြီ၊ ခု အလုပ်သမားတွေက ကိုယ့်လူတွေပဲ ကျန်တော့တယ်...အဟက်..''

'' ငါတို့နှစ်ယောက် အမြန်ဆုံး ပေါ်ပေါ်ထင်ထင် တွဲချင်ပြီ၊အဲ့ကြောင့် Hotel ရော၊ သူ့အိမ်နဲ့ခြံကိုပါ ရအောင် လုပ်ပေးနော် ခန့်...''

'' စိတ်ချ...baby လိုချင်တာ အကုန်ရစေရမယ်ကွာ၊အလွန်ဆုံး နှစ်ပတ်ပဲ စောင့်ပေး...ဒါကလဲ ငတုံးကောင်ကို ကြွေနေတဲ့ တိုင်း ဆိုတဲ့ ဘဲကြီးကြောင့်သာ၊ မဟုတ်ရင် baby လိုချင်တာ ရနေပြီ...ခဏပဲ ထပ်စောင့်ပေးနော်...''

ခန့်ကို စကား​ကြောင့် သူ့ရင်ခွင်ထဲက baby က သူ့အား ခပ်တင်းတင်း ပွေ့ဖက်မှီတွယ်လာပြီး သဘောတွေကျကာ ရယ်သံလွင်လွင်လေးပင် ထွက်လာလေ၏။

'' ခစ်..ခစ်..အဲ့ကြောင့် babyက ခန့် ကို ​သုံးနှစ်ကြာတဲ့အထိ အရူးအမူး ချစ်မိနေတုန်းပဲ..''

'' ကိုယ်ကလဲbaby ကို အရမ်းချစ်တယ်.. .ပြွတ်စ်..''

အခန်းထဲမှ အသံများကို တံခါးအသာဟပြီး ဝင်မလို့ လုပ်နေတဲ့ ချိုမြိန်သော အကုန်ကြားလိုက်သည်။ မထင်မှတ်ထားတဲ့ အရာတွေမို့ ဒူးများပင် မခိုင်ချင်တော့သည်​ဖြစ်ရာ တံခါးကို အားပြု မှီထားရသည်။

အခန်းထဲက လူသားနှစ်ယောက်မှာ အရင်းနှီးဆုံး သူငယ်ချင်း တွေ အဖြစ် အမြဲယုံစားပြီး ခင်ခဲ့ရတဲ့ ရဲသူ နှင့် ခင်ပြီးသိပ်မကြာ ချစ်သည်ဟု ဖွင့်ပြောလာသောကြောင့် အဖြေပြန်ပေးထားသည့် တစ်နှစ်ကျော်သက်တမ်းရှိသည့် ချစ်သူ ခန့်ကို ။

ဒါဆို သူတို့တွေက လွန်ခဲ့တဲ့ ၂နှစ်ကထဲက အကြံနဲ့ သူ့ဆီ ကပ်ခဲ့တာပေါ့ ။သူတို့က ကျောင်းကြမှ အတူတူခင်ကြသူတွေ မဟုတ်ပဲ အစကထဲက သူတို့နှစ်ယောက် က အတွဲတွေဖြစ်ခဲ့ကြသည်ပေါ့လေ။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now