Part 11

29.2K 1.9K 70
                                    

'' အား...ငါတို့တော့ ကြေကွဲပါပီဟယ်၊အဆင်လေးဆိုပြီး ငမ်းမလို့ ကြံရုံရှိသေး ဘဲက ရသွားပြီ၊ဟော ခုတော့
မနက်ဖြန် စေ့စပ်တော့မှာတဲ့ အေ....ငါကြေ ကွဲ ပြီ..အီဟီးးး..''

'' အတူတူပါပဲ ဟယ်၊အဆင်လေးနှစ်ယောက် ဝိုက်မလို့ကို ထပ်သိလိုက်ရတာက ဘဲတွေနဲတဲ့...ဝမ်းနည်းသွားပြီအေ...''

'' ငါတို့အတွတ် အဆင်လေးတွေက ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ လဲဟယ်...''

ဟန်သာ နားကျပ်တတ်ပြီး သီချင်းသာ နားထောင်နေလိုက်၏ ။ အခန်းထဲက ကောင်မလေးတွေကတော့ မျက်ရည်ထွက်မတတ် ပြောငိုနေကြသည်။

ဟိုကောင် ကလဲ သူ့လူကြီးကို သိပ်မချစ်ရှာပါဘူး၊ ချက်ချင်းကို စေ့စပ်ပစ်တော့တာပဲ ။ သူဘယ်လို သွားပြောပေးသည်မသိ ခုဆို ကိုကိုက သူ ဂျစ်မတိုက်လဲ အနမ်းကို အရင်ပေးတတ်နေပြီ၊Sweety ကို သူ ကျေးဇူးတင်ရမည်။

Sweetyက  စေ့စပ်ပွဲ ပြီးမှသာ ကျောင်းပြန်တတ်မည် ဖြစ်သောကြောင့် ဟန်သာ တစ်ယောက်ထဲ ငေါင်တောင်တောင် ဖြစ်နေ ၏။

ရဲသူနဲ့ခန့်ကို အခန်းထဲ ဝင်လာတော့ သူတို့နောက်တန်းက ခုံတွင် ဟန်သာထက်မြတ် တယောက်ထဲသာ တွေ့ရသည်။ မနက်က Student' page ထဲတွင် ချို​မြိန်သောရဲ့ စေ့စပ်ပွဲဖိတ်စာ တင်ထားသည်ကို တွေ့လိုက်ရသည်ကြောင့် အခန်းထဲက ကောင်မလေးတွေ ပြောနေသည်များကို ရိပ်စားမိသည်။ ဟန်သာထက်မြတ် ကတော့ ခုံတွင်တစ်စောင်းလှဲကာ မျက်လုံးမှိတ်ပီး သီချင်းနားထောင်နေသည်။

'' ရဲသူနဲ့ ခန့်ကို...မနက်ဖြန် နေ့လည်ကြရင်Sweety ရဲ့စေ့စပ်ပွဲရှိတယ်လေ၊ အဲ့ဒါ မနက်ဖြန် နေ့ခင်းကြ ငါတို့ သွားမလို့၊ နင်တို့ရော လိုက်မှာလား...''

အခန်းဖော် ကောင်မလေး တ​ယောက်က မေးလာခြင်းဖြစ်သည်။

'' အတန်းဖော်တွေပဲ...လိုက်မှာပေါ့ကွာ...''

ခန့်ကို အပြောကို ရဲသူကပါ ခေါင်းငြိမ့်ပြပီး အဖြေပေးလိုက်သည်။ ဘယ်လောက် ​ကြီးကျယ်လဲ ဆိုတာ ကြည့်ရအုံးမှာပေါ့လေ.. ။

ရဲသူတို့နှစ်ယောက် ခုံမှာထိုင်လိုက်ကထဲက ဟန်သာ လှဲနေရာမှ ထလိုက်ပြီး သူတို့နှစ်ယောက် ကို အကဲခတ်ကြည့်နေမိသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now