" သားလေး "
သက္ကက ညို့ကိုမော့ကြည့်ပြီး ခြေထောက်ကိုဖက်သည်။ ဖအေကိုဆို ရုပ်တည်နဲ့ချွဲချင်သည်။
" ညီလေးရော "
" ညီလေး အိပ်နေတုန်း ဖေ "
" သွား ညီလေးကိုနှိုးလိုက်ဦး မန်မန်စားတော့မှာလို့ ပြောပြီးနှိုးခဲ့ "
" ဟုတ် "
သားလက်ထဲက ဖုန်းကိုပြန်ယူတော့ liveက ပိတ်ပြီးသားဖြစ်နေပြီ။
" မောင့်! "
တင်ပါးလေးပူထူသွား၏။ မောင်က တင်ပါးကိုရိုက်ပစ်တာမို့ မျက်မှောင်ကြုတ်ကြည့်ပေးလိုက်သည်။ ရိုက်ရတာကို အခုတလော သူတော်တော်ကြိုက်နေတာဖြစ်သည်။
" အဟွန်း မောင်ကတော့ မနက်ဖြန်နာမည်ကြီးပြီပဲ ဒီဖိုသီဖက်သီပုံကြီးကို IGမှာတင်ပစ်မှာ "
နောက်နေ့မနက်မှာတော့ သူပြောတာမှန်နေတာမြင်လိုက်ရသည်။ ရုံးကဝန်ထမ်းတွေက သူလာရင်အရင်လိုခေါင်းငုံ့မနေတဲ့အပြင် သွားကြီးတွေဖြီးနေကြတာမို့။ အခုအချိန်ထိကို တည်မြဲက သူတို့ဘာဖြစ်နေကြလဲဆိုတာ မရိပ်မိသေးပါ။
" ဟဲ ဟဲ Boss "
" ဘာ ဟဲ ဟဲ လဲ ဝေယံ ဘာတွေဖြစ်နေကြတာလဲ "
" Bossအခုထိမသိသေးဘူးလား "
" လာပြန်ပြီနောက်တစ်ယောက် ငါကဘာသိရမှာလဲ "
" Bossတို့ နာမည်ကြီးနေတာဗျာ ဒီမှာလေ မနေ့က သခင်လေးလွှင့်တဲ့ Live ၊ Bossကိုကြည့်ဦး မျက်လုံးတောင်မပွင့်ဘူး စွပ်ကျယ်ကြီးနဲ့ ကလေးထိန်းနေတာ ၊ companyကိုလာတဲ့ Bossပုံစံက လုံးဝ အမိုက်စားဆိုတော့ အိမ်နေရင်းပုံစံက မြင်ရတာထူးဆန်းနေတာပေါ့ "
တည်မြဲ သက်ပြင်းသာချလိုက်မိသည်။ ကလေးအဖေလေးက လုပ်ချင်တာတွေ လုပ်ပြီး တည်မြဲကို ဂျင်းထည့်လိုက်ပြန်ပြီ။ Instagramကို တည်မြဲ မသုံးဖြစ်၍ ရှိမှန်းတောင် သတိမရပါ။ မနက်က သူဖုန်းယူသွားတာမြင်ပေမယ့် လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားပေးလိုက်တာ။ Liveကို screen recordယူထားတဲ့ ဝေယံက တည်မြဲကိုပြန်ပြသည်။ ရုံးကလူတွေမှာလည်း ဒီ videoရှိတယ်တဲ့။
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...
Extra (6) ( Boss = Babysitter )
Start from the beginning