Zawgyi
" ဖေဖေ နဲ့ ဖေကြီး စိတ်ဆိုးနေကြတာလားဟင် "
ရီပို့ကဒ်လေးကို ကိုင်ထားတဲ့ ကမ္ဘာငယ်က မျက်လုံးဝိုင်းလေးများနှင့် တည်မြဲကို မော့ကြည့်နေ၏။ မျက်လုံးဝိုင်းများက မေးခွန်းတွေအပြည့်နှင့်ဖြစ်သည်။ တည်မြဲ ရုံးကဖိုင်တွဲတွေကို ပိတ်လိုက်ပြီး သားဖြစ်သူကို ချိုင်းမှမြှောက်ချီလိုက်သည်။ ကမ္ဘာငယ်က တည်မြဲပေါင်ပေါ်ရောက်တာနဲ့ ရီပို့ကဒ်ကို စားပွဲပေါ်တင်ပြီး တည်မြဲလည်ပင်းကိုသိုင်းဖက်လာသည်။
" ရီပို့ကဒ်ရပြီလား သားအဆင့်ဘယ်လောက်ရလဲ "
" ငယ့်အဆင့်က နှစ်ပါ ဖေကြီး ၊ ကိုကိုက အမြဲတမ်းအဆင့်တစ်ပဲ "
ရီပို့ကဒ်ကိုယူကြည့်တော့ အမှတ်တွေက ကောင်းပါသည်။ အမှတ်ပြည့်တွေတောင်ပါသေးသည်။ တည်မြဲတို့တွန်းအားမပေးပဲနှင့် ကလေးတွေက ကြိုးစားချင်စိတ်ရှိလို့သာ။ ကျောင်းစတတ်တည်းက ပြောထားပြီးသားဖြစ်သည်။ သားတို့ကို အမြဲပံ့ပိုးပြီး ထောက်ပံ့မယ်လို့။ အတော်ဆုံးလည်းဖြစ်စရာမလိုသလို ညံ့လည်းမညံ့စေရဘူး။ ဒီစကားကို ဖိအားပေးဖို့မရည်ရွယ်ပေ။ မိဘတစ်ယောက်အနေနဲ့တော့ သားတွေကိုလမ်းမှန်ရောက်အောင် ၊ ကိုယ်ကျင့်သိက္ခာကောင်းအောင်နှင့် စည်းကမ်းတကျနေထိုင်တတ်ဖို့ ထိန်းကြောင်းပေးမှာဖြစ်သည်။ မတင်းကြပ်လွန်း ၊ မလျော့ပေါ့လွန်းတဲ့ စည်းကမ်းတွေအောက်မှာ သားတို့မမွန်းကြပ်စေဖို့ ၊ စည်းကမ်းတွေကြားမှာ နေပျော်ပြီး Limitရှိဖို့အတွက် အခုလို လမ်းကြောင်းပေးနေတာဖြစ်သည်။
ပြီးတော့ မှိုင်းမဟာသွေးရဲ့ သားတွေက သူ့သွေးအပြည့်ဖြစ်သည်။ သူတို့အဖေလိုပဲ ဂျစ်ကန်ကန်နိုင်ချင်သော်လည်း စာကတော့ကြိုးစားသည်။ ဇွဲရှိပြီး ဝီရိယလည်းရှိသေး၏။ တည်မြဲနဲ့ထိုနေရာတွေမှာ တစ်စက်မှမတူတာကိုပဲ ပျော်ရမလိုဖြစ်နေသည်လေ။
" ဟင်လို့ ဖေကြီး ဖေဖေနဲ့ မခေါ်ဘူးလားလို့ "
" ဘာလို့မေးတာလဲ သားက "
" အသိသာကြီးကို ဖေ နဲ့ ဖေကြီး အခန်းခွဲအိပ်တယ်လေ ၊ ဖေ က ဖေကြီးကိုလည်း စကားမပြောဘူး ၊ ဖေကြီးအကြောင်းမေးရင်လည်း မဖြေဘူး "
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...