Zawgyi
" မောင် ငါတောင်းပန်ပါတယ် "
" မင်းဒီမှာပဲအိပ်လိုက် "
" ဟင် "
ခေါင်းအုံးယူကာ အခန်းထဲကထွက်သွားသူကြောင့် မျက်ရည်တို့အိခနဲကျလာပြန်သည်။ မောင်အကုန်သိသွားတဲ့နေ့တည်းက ညို့ကိုရှောင်နေတာဖြစ်သည်။ အခန်းကိုလည်းပြန်မအိပ်ပဲ ညို့ရဲ့အရင်ကအခန်းထဲ သွားအိပ်နေတာဖြစ်သည်။ အတူနေဖြစ်တည်းက မောင်က ညို့ကိုကိုယ့်အခန်းကိုယ်မပြန်ခိုင်းပေ။ ညို့ရဲ့ အသုံးအဆောင်ပစ္စည်းနဲ့ တစ်ခြားအရာတွေအကုန် သူ့အခန်းထဲရွေ့သည်။ သူ့အခန်းက ညို့အခန်းထက်စာရင် ကျယ်တာကြောင့် ညို့လည်း သူ့အခန်းမှာပဲနေဖြစ်တော့တာဖြစ်၏။
အခုတော့ မောင်က သူနှင့်အတူမအိပ်ဘူးဆိုကာ ညို့အခန်းထဲသွားအိပ်၏။ တွေးမိတိုင်းစိတ်မကောင်းဖြစ်ရသည်။ နက်စွေးသောအိပ်ယာကြီးပေါ်တွင် တစ်ယောက်ထဲကျန်ခဲ့ရသည်။ ဒီရက်ပိုင်းတွေမှာ မောင်က ညို့ကိုတွေ့တာနှင့် လှည့်ထွက်သွားတတ်သည်။ ညို့မနိုးခင် အစောကြီးတည်းက မောင်ကရုံးသွားပြီဖြစ်သည်။ သူ့အမေနှင့်တောင်စကားမပြော ၊ မနက်စာ ၊ နေ့လည်စာလည်း ဘယ်မှာစားသည်မသိပေ။ ဒီလောက်အထိတောင်ဖြစ်သွားတာလား ၊ အခြေအနေက။
ညို့သက်ပြင်းချလိုက်ရင်း အိပ်ယာပေါ်လှဲချလိုက်၏။ ဘေးကလွတ်နေသည့် အိပ်ယာကြောင့် သူလည်းအိပ်မပျော်ပေ။ သူတို့အဖြစ်က နီးရက်နဲ့ဝေးနေသလိုမျိုး။ နှစ်ယောက်ကြားမှာ နံရံတစ်ခုသာခြားသည်။ နာရီစက္ကန့်တွေ ကုန်ဆုံးသွားတော့ ညို့အိပ်ပျော်တစ်ချက်မပျော်တစ်ချက်ဖြစ်လာ၏။ လုံးဝအိပ်မပျော်သွားခင် အခန်းတံခါးဖြည်းဖြည်းချင်းပွင့်လာပြီး လူရိပ်တစ်ခုဝင်လာတာတွေ့သည်။ နဖူးပြင်ကနွေးသွားတာကိုလည်းသိသည်။ တောင့်မခံနိုင်တော့သော မျက်လုံးများကတော့ သစ္စာရှိစွာမှိတ်သွား၏။
<<<<<<
>>>>>>မနက်စာပြင်ဖို့အတွက် ညို့ငါးနာရီလောက်တည်းက နိုးနေတာဖြစ်သည်။ အိပ်ရေးဝနေလို့လည်းဖြစ်သည်။ မောင်အိပ်သည့်အခန်းတံခါးကတော့ပွင့်မလာသေးပေ။ စီးနေကျကားကလည်း ရှိနေသေးသည်မို့ မောင်အိပ်ပျော်နေတုန်းဖြစ်ရမည်။
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...