ဇာတ်သိမ်းပိုင်း(၁)

14.4K 826 44
                                    

လရောင်အောက်တွင် အမျိုးသမီးနှစ်ဦး
တိတ်ဆိတ်စွာထိုင်နေကြသည်။ သို့ရာတွင် မုန်းတီးချင်း၊ရန်လိုခြင်းတို့လားလားမှမဆိုင်။
ကောင်းကင်အား မော့ကြည့်၍ ထိုအမျိုးသမီးငယ်မှ ခပ်တိုးတိုးဆိုပါ၏။

"မောင့်ကို မမုန်းဘူးလား"

"‌ပထမတစ်ခါချစ်မိတော့လည်းနာကျင်ရပြန်တယ် ဒုတိယတခါထပ်ချစ်မိတော့လည်းပျော်သလိုနဲ့ နာကျင်ရပြန်တယ်"

"အခုတော့ အဲ့ဒီ့နာကျင်မှုကိုသဘောကျနေပြီထင်ပါရဲ့ကွယ်"

ထိုအမျိုးသမီးငယ်ဟာသူမအားတွေတွေလေးငေးကြည့်နေပြန်သည်။ထို့နောက် ကောင်းကင်သို့ မော့ကြည့်၍ဆိုပါသည်။

"မောင်က ရူးနေတာပဲလေ"

"အို...မဟုတ်တာကွယ်"
သူမမောင့်အားခပ်စပ်စပ်ကလေးဖြေမိသည်။ ထိုအမျိုးသမီးငယ်သည် သူမအား ပြုံးပြနေခဲ့ပါသည်။ဘာပကာသနမျှမပါဘဲနှင့် နှစ်ခြိုက်စွာပြုံးပြ၏။

"ငယ်ငယ်ကလေ.....မောင်နဲ့အတူဆော့နေကြ မိန်းကလေးတစ်ယောက်ရှိတယ် "
"သူကမောင့်အိမ်က အိမ်အကူရဲ့သမီးလေ"

"မောင် သူ့ကိုအနိုင်မကျင့်ခဲ့ဘူး မောင့်မှာရှိတဲ့ အရုပ်တွေ၊မုန့်တွေကအစ သူ့ကိုတန်းတူပေးခဲ့တာ.........မောင်ပြန်တောင်းဆိုတာကတစ်ခုထဲ.....မောင်ကလွဲပြီးဘယ်သူနဲ့မှမဆော့ဖို့"

"ဒါပေမယ့်လေ မောင့်စကားကိုသူကနားထောင်ဘူး ကြာတော့ မောင့်ကိုပါ မခေါ်တော့ဘူးလေ........အဲ့ဒီတော့ မောင်ဘာလုပ်ပြစ်တယ်ထင်လဲ"
သူမလက်အားနူးညံ့စွာဆုပ်ကိုင်၍ဆိုလာခဲ့သည်။

"မောင်သူ့ကို သတ်ပစ်လိုက်တာလေ"
"မောင့်လက်ထဲကခဲတံနဲ့သူ့လည်ပင်းကိုထိုးပစ်ခဲ့တာ"

"မောင်သူ့ကိုပြောခဲ့ပါတယ် သူမှမောင့်စကားနားမထောင်တာ အဲ့ဒီ့တော့မောင်မမှားဘူးလေ"
သူမ မောင့်အားပြုံးရုံမျှသာတတ်နိုင်တော့သည်။သူမထင်နေခဲ့သည့်အတိုင်း မောင်ဖြစ်နေခဲ့သည်မဟုတ်ပါလား"

"မောင့်မိန်းကလေးကိုတော့မောင်မသတ်ရက်ပါဘူး .....‌ခင်မရှိရင် မောင်ကဘယ်လိုနေနိုင်ပါ့မလဲ မောင့်ဘာသာသေလိုက်ရင်...."

"ခင်"Where stories live. Discover now