အပိုင်း(၈)

11.7K 1K 11
                                    

"ခင်တကယ်ကြီးခွေးမွေးလိုက်တာပေါ့"

"ဒါပေါ့ကွယ် ခင့်အိမ်ကို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေတဲ့လူတွေရန်ကကာကွယ်ဖို့လေ"

ခင်သည်ခပ်စွာစွာကလေးပြန်ပြော၏။

"ဒါဖြင့်အခု အစစ်ဆေးခံပြီးပြီးဆိုတော့ ကျွန်မ အိမ်ထဲဝင်လို့ရပြီမလား "

"မရလည်းဝင်လာမှာပဲမလား ခင်သိပါတယ်"

"ဒါဆိုဝင်ပီနော်"
ခင်နှင့် ထိုမိန်းကလေးသည် အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်လာကြ၏။ခင်မဝင်ချင်လည်းဝင်ရမည်။ဒင်းက ခွေးကိုရှောင်လျက် အတင်းပင် အိမ်သို့ လျှောက်နေသည်။

"ထိုင်ကွယ်... မင်းဘာသောက်မလဲ"

"တော်ပါပီ ခင့်မျက်နှာမြင်ရတာနဲ့တင်အမောပြေပြီ"

"အပိုတွေ "

"ခင်ကျွန်မကိုဘယ်တော့အဖြေပေးမှာလဲဟင် ကျွန်မခင့်ဆီက တိကျတဲ့အဖြေတစ်ခု လိုချင်ပြီ"

"မင်းအရှေ့ကပြောထားတဲ့လူတွေတောင်မစဉ်းစားတာ မင်းက ဘာလူတန်းစားမလို့
စဉ်းစားပေးရမတုန်းရှင်"

"ကျွန်မကခင့်ရဲ့အကြည်ဓာတ်ကလေးလေ"

"အို....ပေါက်ပေါက်ရှာရှာ"

"ခင့်ကို ကျွန်မပဲပိုင်ချင်ပြီ"

"ပိုင်ရအောင်ခင်ကအရုပ်မှမဟုတ်တာ "

"ခင့်ကိုကျွန်မပဲချစ်ချင်တယ် ခင်ကလည်းကျွန်မကိုပဲ ချစ်စေချင်တယ်"

ခင့်ရဲ့မဲ့ပြုံးတစ်ခုသည် ယခုအခါ ဘယ်မှာမှရှာမတွေ့ ။ခင်သည်နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။ခင့်စိတ်ကိုမည်သူမှနားမလည်နိုင်။

"ခင်ဘယ်သူ့ကိုမှချစ်သူမတော်ဖူးဘူးကွယ် "
"အချစ်ကဘယ်လိုလဲဆိုတာလည်းခင်မသိဘူး ခင်မင်းနဲ့ချစ်ကြည့်လှည့်မယ်"

ခင့်စကားဟာအတည်လား၊ကျီဇယ်နေသည်လား မသဲကွဲပေမယ့် မောင်ဟာ မြူးမြူးကြွကြွဖြစ်နေသည်။

"တကယ် တကယ်နော်ခင်"
"ခင်ကျွန်မကိုအဖြေပေးတာပေါ့နော်"

"ခင်ကချစ်ကြည့်မယ်ပဲပြောတာရယ် အဖြေမပေးဘူး"

"ခင်"Unde poveștirile trăiesc. Descoperă acum