အပိုင်း(၁)

39.8K 1.6K 35
                                    


မနက်ခင်းရဲ့အစ ခင် တစ်ယောက် သူမ၏ဆံနွယ်ရှည်တွေအားသေချာဖီးလိမ်းနေလေရဲ့။ခင် ဟာမာနကြီးသလို သိပ်လှတဲ့မိန်းမ။
သိပ်ကိုတွေးရခက်တဲ့မိန်းမ။ခင့်အကြောင်းပြောရရင် .....မိန်းမတန်မဲ့..ပွဲရုံတစ်ခုကိုဦးဆောင်နေတာမျိုး။ယောက်ျားတကာကစွဲလန်းသော်ညား လင်ယောက်ျားကိုအားမကိုးချင်သူ။ခင်ဟာ..နာမည်နဲ့လိုက်‌အောင်မာယာများတဲ့မိန်းမ ။

"ခင်"

"အို...!င့်အခန်းထဲ တံခါးခေါက်ပါဘဲ ဝင်ချင်သလို ဝင်လာရသလား
ကိုမောင်"

ခင်ဟာအနည်းငယ်လန့်သွားသည်။ဖီးလက်စဘီးကိုတောင် အယောင်ယောင်အမှားမှား မှန်တင်ခုံဆီပစ်ချထားလိုက်ပါသည်။

"ဟို အဲ့ဒီ့လိုမဟုတ်ပါဘူး ခင်ရယ် ကျွန်တော်ကလေ အိမ်မှာ ကြာဇံချက် ချက်လို့င့်ဆီလာပို့တာပါ"

ကြာဆံချက်ဆိုကာမှသာ စိတ်ပြေသလိုရှိသည့်ခင်ဟာ ဘာစကားမှမပြောသေးပါပဲ
ကိုဘမောင်အား အသာအယာကြည့်နေပြန်သည်။

"ခင်ကြိုက်ဘူးလားဟင်"

" ကြာဇံချက်ပဲ ခင်သိပ်ကြိုက်တာပေါ့ခင့်အတွက်တော့ များများ ထည့်လာခဲ့တယ်မဟုတ်လား ကိုမောင်"

"အာ ဒါပေါ့ဗျာင့်အကြိုက် တွေမို့ အများကြီးထည့်လာခဲ့ပေးတာပါ "

ခုကလေးတင် အခန်းထဲ တံခါးခေါက်ဘဲဝင်လာလို့ အော်ငေါက် နေသည့်ခင်ဟာ အခုကြပြန်တော့လည်း ကလေးတစ်ယောက်လိုသူကြိုက်တာလေးပါလာလို့ ပျော်မြူးနေလေရဲ့...

ယောက်ျားတစ်ယောက်ကအခန်းထဲ အထိရောက်လာတာတောင် အထူးတလည်မမှုသည့်ခင်ဟာ ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်ခဲ့။

"ခင်"Where stories live. Discover now