ကျန်းချန် ထိုင်နေရာမှ ၀ုန်းခနဲ ထရပ်ကာ စားပွဲခုံပေါ်က ရေခွက်ကို ကိုင်မြှောက်လိုက်တော့

ဝေ့ - ကျန်းချန် ဘာလုပ်တာလဲ ခွက်ကို ပြန်ချလိုက်။

ကျန်းချန် - ဖယ်စမ်း ဝေ့ဝူရှန့် ငါ ဒီနေ့ ဒီလူကို တစ်ခုခု လုပ်ရမှ ကျေနပ်မယ်

ရှီးချန် - ညီလေးဝေ့ ဖယ်လိုက်ပါ။ ၀မ်ရင် ပေးတဲ့ အပြစ် ကိုယ်ခံယူပါမယ်။ ဖယ်လိုက်ပါ

ဝေ့ရင်း ဖယ်သွားတော့ ကျန်းချန် ဟာ လန်ရှီးချန် ကို စူးရဲစွာ ကြည့်ပြီးနောက် လန်ရှီးချန် နှုတ်ခမ်းကို နမ်းကာ ထိုနေရာမှ ပြေးထွက်လာခဲ့သည်။

ဟွိုက်ဆန်း - ငါ ငါ ဘာမြင်လိုက်တာလဲ။

ဝမ်းနင် - ဆရာရှီးချန် !! ဆရာရှီးချန်

ဘေးနားမှာ ကျောက်ရုပ်ကြီးသဖွယ် ရပ်နေသော လန်ရှီးချန် ကို ၀မ်းနင်နဲ့ ရွှမ်ယမ် က လှုပ်ခေါ်နေသလို ဝေ့ရင်းကတော့ ပါးစပ်အဟောင်းသားနဲ့ ကြောင်အနေတုန်း
💔💔💔💔💔💔💔💔💔💔
ကျန်းချန် တစ်ယောက် အိမ်ပြန်ရောက်တာနဲ့ အခန်းထဲ တန်း၀င်ကာ တစ်ခါတည်းလော့ပါချလိုက်ပြီး ကုတင်ပေါ် ၀မ်းလျားထိုး မှောက်အိပ်တော့သည်။

ကျန်းချန် - အား ရှက်လိိုက်တာ။ ငါ ဘာလုပ်ခဲ့တာလဲ။ အား ငါ လန်ရှီးချန် ကို နမ်းခဲ့တာလား။ သေတော့မှာပဲ။

ဒီး ဒီး ဒီး

ဘောင်းဘီအိတ်ကပ်ထဲက တဒီးဒီးမြည်လာသော ဖုန်းကို ယူထုတ်ကာ ကြည့်လိုက်တော့ Weibo ရဲ့ NF မှာ တတ်လာသော Vd ကြောင့် မျက်လုံးပြူးသွားသည်။

ဒါ ဒါ ဘယ်သူလက်ကမြင်းကြောထပြီး ရိုက်လိုက်တာတုန်း။ အောက်က မန့်တွေ ဖတ်ကြည့်တော့ ရေမရှိတဲ့ ချောင်းထဲ နှာခေါင်းဖော်ပြီးတောင် သေချင်စိတ်ပေါက်သွားတယ်။

⏩ကျန်းကျန်း ကလည်း တို့ဆရာကို အဲ့လောက်ထိ မလုပ်ပါနဲ့ ဟားဟား

⏩ငါ က ရေခွက်နဲ့ ကောက်ပေါက်ပြီထင်နေတာလေ။နောက်ဆုံးမှ နှုတ်ခမ်းနဲ့ ရိုက်သွားခဲ့တာကို

⏩ချစ်ရင် ချစ်တယ် ၀န်မခံပဲ မူနေတာ။ သူတအားဆိုးတယ်နော်

⏩ဟေး ကျန်းကျန်း အဲ့လောက်ထိ အနာတရ ရအောင် မလုပ်ပါနဲ့လား။ သွေးထွက်သံယိုတွေ မကြည့်ရဲဘူး။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now