💔19💔 { Z }

785 46 4
                                    

#ကွေ့ဖေးကိုယ်တိုင် စစ်ချီလာပြီ

နန်းလျာလေးကို မွေးဖွားပြီး တစ်လပြည့်သော နေ့မှာ တော့ စုန့်မင်းကြီးရယ် မိဖုရားခေါင် တို့က သူတို့ သိမ်းဆည်းထားသော အရာတွေကို ကွေ့ဖေးထံပေးအပ်လိုက်တော့

ကျိုးချန် - ဒါတွေ က ဘာတွေလဲ။

- လန်မင်းကြီး က အခုလို အခြေအနေတွေကို သိနေလို့ ကိုယ်တော့်ကို ဒါတွေ သိမ်းခိုင်း ခဲ့တာ။

ကလေးကို ဘေးက အထိန်းတော်ကြီးထံ ပေးလိုက်ပြီး ယွန်းဘူးလေးက ဖွင့်ကာ အထဲက ပစ္စည်းကို ထုတ်ကြည့်လိုက်တော့

ကျိုးချန် - ဒါ..ဒါက

- မင်းသားငယ်လေး အတွက် ထီးနန်း!!

- မင်းကြီး က စစ်သေနာပတိချုပ်တို့ ပုန်ကန်မယ်ဆိုတာကို ကြိုတင်သိခဲ့တယ် ကွေ့ဖေး။ စုန့်မင်းကြီး နဲ့ ချစ်ကြည်ရေးယူပြီး စုန့်မင်းကြီးထံ တံဆိပ်တုံးနဲ့ ထီးနန်းလွှဲအပ်ကြောင်း သ၀ဏ်လွှာ ကို ထိန်းသိမ်းပေးဖို့ ပြောခဲ့တာပါ။

ကွေ့ဖေး တံဆိပ်တုံးနဲ့ သ၀ဏ်လွှာ ကို ကြည့်ပြီး လှောင်​ပြုံး ပြုံးလိုက်မိသည်။ ဒီလောက်လေးနဲ့ သူက ကျေအေးပေးရမှာလား။ 

ကျိုးချန် - အခု လန်တိုင်းပြည် အခြေအနေ ဘယ်လိုရှိလဲ

- စစ်သေနာပတိချုပ်ကြီးက ထီးနန်းသိမ်းကြောင်း ကြော်ညာထားတော့ ပြည်သူတွေက အုတ်အော်သောင်းနင်း ဖြစ်နေကြပါတယ်။

ကျိုးချန် - ၀မ်တိုင်းပြည်က စစ်ကူတွေ ခေါ်ပြီး လန်တိုင်းပြည်ကို သွားမယ်။

- ကွေ့ဖေး

ကျိုးချန် - မကောင်းသော သူလက်ထဲကိုတော့ ထီးနန်းကို မပေးနိုင်သလို ကလဲ့စားချေရမဲ့ လူတွေလည်း ရှိသေးတယ်။

မဲ့ပြုံး ပြုံးကာ ဆိုလာသော ကွေ့ဖေး ဟာ အရင်ကနဲ့ ကွာခြားသွားတာတော့ အမှန်! အရင် က ပုံစံနဲ့ မတူတာတော့ အမှန်! အခုဟာ က ဘယ်လိုပြောရမလဲ၊ ကွေ့ဖေး က အရမ်းကို အငြိုးကြီးတဲ့ သူတစ်ယောက်လိုပဲ။

ကျိုးချန် - ကျွန်တော် သွားနားတော့မယ် ခွင့်ပြုပါအုံး။

ကလေးငယ်ကို ချီပိုးကာ အဆောင်တော်ထဲမှ ထွက်သွားသော ကွေ့ဖေးကို ကြည့်ကာ အကုန် ခေါင်းခါမိကြသည်။ ကွေ့ဖေး ရင်ထဲ လန်မင်းကြီးအတွက် စိုးရိမ်ပူပန်မှုတွေ မရှိပါလား....

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }जहाँ कहानियाँ रहती हैं। अभी खोजें