💔18💔 { U }

1.6K 156 4
                                    

# ထီးနန်းနဲ့ ဘုရင်တံဆိပ်တုံး အား နန်းလျာလေးထံ ပေးအပ်ခြင်း

စုန့်တိုင်းပြည် ရောက်ပြီး နန်းတွင်းထဲထိတောင် မသွားနိုင်တော့ပဲ  အိမ်တစ်အိမ် ပြောရလျှင် စုန့်မင်းကြီး မှ ကွေ့အားအား ငယ်ဘ၀က လက်ဆောင်ပေးထားသော အိမ်! ထိုအိမ်မှာ တစ်ထောက်နားချိန်  ကွေ့ဖေး ရဲ့ ဗိုက်ဟာ အဆမတန် နာကျင်လာတာကြောင့် ထိုအိမ်မှာတင် ကလေးမွေးဖို့ ပြင်ဆင်လေသည်။

- ကွေ့ဖေး ခန သည်းခံပေးပါနော်။

သမားတော်မှာလည်း နဖူးထက်ကနေ စီးကျလာသော ချွေးတွေကို သုတ်ပြီး ကွေ့ဖေး ရဲ့ ဗိုက်ကို ခွဲပေးနေရသည်။

ကွေ့ဖေးမှာတော့ နာကျင်လွန်းလို့ အံကိုတင်းတင်းကြိတ်ထားရလွန်းလို့ ပါးစောင်တွေတောင် တောင့်လာပြီ!

*Host ခနပဲ သည်းခံနော်။ ကလေးထွက်ရင် ပြီးပြီ သိလား။*

ဘုရင့်ကိုယ်ရံတော် တွေ ကလည်း အိမ်ပတ်ပတ်လည်မှာ ကင်းချပြီး လိုအပ်တာတွေ လုပ်ပေးနေသလို ရီချန်း ကတော့ စုန့်နန်းတွင်းကို သွားကာ မိဖုရားခေါင် ကို အကြောင်းကြားလေရဲ့...

- မင်းကြီး ကိုယ်ရံတော်ရီချန်း က တွေ့ခွင့်တောင်းနေပါတယ်။

- ရီချန်း!!! အမြန်၀င်ခိုင်းလိုက်

စုန့်မင်းကြီးတောင် ဘာမှ မပြောရသေး မိဖုရားခေါင်က အမြန်၀င်ခိုင်းလေသည်။ ရီချန်း ကိုယ်တိုင် လာတယ်ဆိုတော့ လန်နန်းတွင်း ထဲ သေချာပေါက် ပြဿနာ ဖြစ်နေလောက်ပြီ!

- စုန့်မင်းကြီး နဲ့ မိဖုရားခေါင် ကို ကျွန်တော် ဂါရ၀ပြုပါတယ်။

- ထပါ ရီချန်း!

- မင်းကြီး ကွေ့ဖေး ကို ကယ်ပေးပါ။ ကွေ့ဖေး အဖြူရောင်မြနန်းစံအိမ်တော်မှာ မီးဖွားနေပါတယ်။

- မောင်တော် နဲ့ ဘယ်သူတွေ ပါလာလဲ။ မဖြစ်ဘူး။ သွားမယ် မောင်တော် ဆီ သွားရအောင်။

- မိဖုရားခေါင် စိတ်ကို အေးအေးထားပါ။ ကိုယ်တော် တို့ အခုချက်ချင်း သွားကြမယ်နော်။ လာကြစမ်း

- အမိန့်ရှိပါ မင်းကြီး

- နန်းတွင်းက သမားတော်ကြီး ကို ခေါ်ခဲ့၊ ပြီးတော့ နန်းတွင်းသူတွေပါ ခေါ်လာခဲ့ ကိုယ်တော်တို့ စံအိမ်တော်သွားမယ်။ ကလေးမွေးနေသူ အတွက်ပါ လိုအပ်တာတွေ ယူခဲ့ကြ!!

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Opowieści tętniące życiem. Odkryj je teraz