💔17💔 { Z }

783 46 5
                                    

#မကြာခင် ပုန်ကန်မှုကြီး စတင်တော့မည်

- ကွေ့ဖေး အခုတလော နန်းတွင်းထဲမှာ အခြေအနေတွေက မကောင်းဘူး ဖြစ်နေတယ်။

ကျိုးချန် - အင်း ကိုယ်တော်သိတယ်။ အရှင်ပြောသလို ဆို စစ်သေနာပတိချုပ်ကြီးက ထီးနန်းကို အရမ်းလိုချင်နေတယ်။

- စစ်သေနာပတိချုပ်က မင်းကြီး ဆီကနေ တံဆိပ်တုံး ကို တောင်းနေတယ်လို့လည်း ကြားရတယ်။ မင်းကြီး က ကွေ့ဖေး ကို စိုးရိမ်နေတယ်။

ကျိုးချန် - ကိုယ်တော် ကိုယ့်ကို ကာကွယ်နိုင်တယ်။ ဒါနဲ့ အထိန်းတော်ကြီး ပြင်ခိုင်းထားတာ ရပြီလား။

- ရပါပြီ ကွေ့ဖေး

ကျိုးချန် - ဒါဆို မင်းကြီးဆီ သွားရအောင်။ မင်းကြီး အခုတလော ပင်ပန်းနေတယ်။

ထိုင်နေရာမှ ထတော့ ဘေးကနေ အစေခံလေးတွေက လာတွဲပေးသည်။ ဗိုက်တစ်လုံး နဲ့ ဆိုတော့ ထိုင်ရ ထရ တာ တအားခက်တယ်။

ဖြည်းဖြည်းလေးလျှောက်ရင်း မင်းကြီး နဲ့ အဆောင်တော်ကိုတောင် ရောက်လာပြီ။

- ကွေ့ဖေးကို ဂါရ၀ပြုပါတယ်။

ကျိုးချန် - ကိုယ်တော် ရောက်နေကြောင်း ပြောပေး

- ဟို ကွေ့ဖေး ဒုတိယမိဖုရား ရောက်နေတယ်။

ကျိုးချန် - သူရောက်တာ ရောက်တာလေ။ ကိုယ်တော်ရောက်နေကြောင်းတော့ အကြောင်းကြားရမယ်မလား။

- ကွေ့ဖေး အဆောင်တော်ထဲမှာ မိဖုရားရောက်နေရင် နောက်မှ ရောက်တဲ့ သူက အထဲဝင်ခွင့်မရှိပါဘူး အဟင်း အဟင်း

ကျိုးချန် - ဒုတိယ မိဖုရားမက လို့ မိဖုရားခေါင်ပဲ ဖြစ်နေပါစေ ကိုယ်တော်က ၀င်မှာပဲ

- အဟင်း ကွေ့ဖေး က မင်းကြီး နဲ့ မိဖုရား အိပ်တာကို ကြည့်ချင်တယ် ဆိုလည်း ၀င်ပါ အဟင်း အဟင်း

ကွေ့ဖေး သူ့ကို ပြောနေသော ဒုတိယမိဖုရားရဲ့ အထိန်းတော်ကို ကြည့်ပြီး မျက်နှာမဲ့ချပစ်လိုက်သည်။ သူတို့ရဲ့ မိဖုရားကို ငါ့ယောကျာ်း က မျက်လုံးလေးနဲ့ ကြည့်ရင် ကံကောင်း

ကွေ့ဖေး အထိန်းတော်ကြီးကို တွန်းဖယ်ပြီး သူကိုယ်တိုင် အဆောင်တံခါးကို ဖွင့်ကာ အထဲကို ၀င်သွားလေသည်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now