💔20💔 { U }

1.7K 156 2
                                    

#နှုတ်ဆက်ပါတယ် အရှင်

- စစ်သေနာပတိချုပ်ကြီး အရှေ့ဘက်ဂိတ်တံခါး ပွင့်သွားပါပြီ!

- ဘာ!!!

ချွင်! ချွင်!

ရား!! ကျား!!

ထွက်ပေါ်လာသော ဓားချင်းထိရိုက်သံတွေဟာ တစ်စ တစ်စဖြင့် အဆောင်တော်နား နီးကပ်လာသလိုပဲ!

- အကုန်လုံးကို သတ်ပစ်!!

- ဒါပေမယ့် ကျွန်တော်တို့ ဘက်မှာ လူအင်အား မမျှတပါဘူး။

- ဘာ!!

- ကျန်တဲ့ ရဲမက်တွေက ဓားတွေ ချပြီး အညံ့ခံသွားပါတယ်။ သူတို့ ကွေ့ဖေး ရဲ့ လက်အောက်ကို ၀င်သွားကြပါပြီ!

စစ်သေနာပတိချုပ်ဟာ ထိုစကားကို ကြားပြီး သူ၀တ်ဆင်ထားသော နဂါး၀တ်ရုံကြီးကို ချွတ်ကာ ဓားကို ဆွဲပြီး အဆောင်တော်ထဲမှ ထွက်လာလိုက်သည်။ သူရဲ့ခြေလှမ်းတွေက အချုပ်ခန်း ဆီသို့

- ကွေ့ဖေး ဟိုမှာ အမတ်ချုပ်ကြီး!

ကျိုးချန် -  သူ ကို စောင့်ကြည့်ထား ကိုယ်တော်တို့ တတိယမိဖုရားအဆောင် ကို သွားမယ်။

စစ်သေနာပတိချုပ်ကို ခနလွှတ်ထားပေးလိုက်မည်။ သူက ထီးနန်းကို လိုချင်နေတဲ့ သူဆိုတော့ သူထွက်ပြေးမှာ မဟုတ်!!

တတိယမိဖုရားကတော့ သွေးကြွေးဆပ်ဖို့ ပြင်ထားပေတော့။ နို့ထိန်းမယ်တော် အတွက်!!

- မိဖုရား ပြေးကြရအောင်။ ကွေ့ဖေး က ဒီဘက်ကို လာနေပြီ

- ဘာ! ပြေးမယ် မြန်မြန်ပြေးရအောင်

တတိယမိဖုရားကလည်း အဆောင်တော်ထဲက ပစ္စည်းတွေ ယူနိုင်သလောက် ယူပြီး အဆောင်တော်ထဲမှ အထွက် အဆောင်တော် ရှေ့မှာ အသင့်စောင့်ကြိုနေသော ကွေ့ဖေး တို့ရဲ့ စစ်တပ်အုပ်စု!

- ကွေ့.....ကွေ့ဖေး 

အထစ်ထစ် အငေါ့ငေါ့ဖြင့် ခေါ်လာသော တတိယမိဖုရားရဲ့အထိန်းတော်!

- ဟွန်း ကွေ့ဖေး ဒီထိ လာမှတော့ ဒီတစ်ခါတော့ သူသေကိုသေ ချတာပေါ့။

ကျိုးချန် - ကိုယ်တော် လက်နဲ့ မင်းကို မသတ်ဘူး။ မတန်လို့! ရီချန်း! နို့ထိန်းမယ်တော် အတွက် မင်းအကောင်းဆုံး ကလဲ့စားချေပေးလိုက်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now