ကြည့် ကျန်း၀မ်ရင် ဆိုတဲ့ ကောင်လေးက ရိုဆန်လို့ကို မရတာ။

ကျန်းချန် - ဘာလာလုပ်တာလဲ။

ရှီးချန် - ၀မ်ရင် ကို ပြောစရာတွေ ရှိလို့ လာတာ။ ၀မ်ရင် လူတွေ အသက်ရှင်ဖို့ အတွက် ဘာကို အလိုအပ်ဆုံးလဲ။

ကျန်းချန် - အောက်ဆီဂျင် လိုအပ်တယ်လေ။

ရှီးချန် - အင်း လူတွေ အသက်ရှင်ဖို့ အောက်ဆီဂျင် လိုအပ်သလို ကိုယ် အသက်ရှင်ဖို့လည်း ကျန်း၀မ်ရင် ဆိုတဲ့ မင်းလေးကို လိုအပ်တယ်

ကျန်းချန် - ခင်ဗျား

ရှီးချန် - ရေကန်ထဲမှာ ကြာပန်းရှိရင် လှပတယ်မလား။

ကျန်းချန် - အင်း

ရှီးချန် - အဲ့လိုပဲ ကိုယ့်ဘ၀မှာလည်း ၀မ်ရင်ရှိမှ လှပမှာ။

ကျန်းချန် မျက်နှာကြီး တဖြည်းဖြည်း နဲ့ နီရဲလာသည်။ သူ မဟားတရားကို ရှက်နေပြီ။ ဒီလူဟာ ဘယ်လိုတွေတောင် လာခြွေနေရတာလဲ။

ရှီးချန် - နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်သလို လန်ရှီးချန် နဲ့ ကျန်း၀မ်ရင် ကလည်း အလိုက်ဖက်ဆုံး။

ရွှယ်ယမ် - ငါတို့တော့ ခွေးစာတွေ စားနေရပြီဟေ့

ဝေ့ - ကျန်းချန် မင်း အဖြေ မြန်မြန်ပေးလိုက်ရင် ကောင်းမယ်။

၀မ်းနင် - ငါ ဒီနားမှာ မထိုင်နိုင်တော့ဘူး။

ကျန်းချန် - ခင်ဗျားနော် ဘယ်လိုတွေ ဖြစ်နေတာလဲ။

ရှီးချန် - ၀မ်ရင် ကို ချစ်လွန်းလို့ ကိုယ် နေမထိထိုင်မသာတွေ ဖြစ်နေတာ။ ကိုယ့်ကို ချစ်တယ်မလားဟင်။ မလိမ်ပါနဲ့ကွာ။ ၀မ်ရင် မျက်လုံးတွေထဲ ကိုယ့်ကို ချစ်တဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။

ကျန်းချန် - ခင်ဗျား တော်တော့နော် ဆက်ပြောနေရင် ကျွန်တော် တစ်ခုခု လုပ်မိတော့မယ်။

ရှီးချန် - ကိုယ့်လို လူချောလေးကို ၀မ်ရင် က ဘာလုပ်နိုင်မှာလဲ။ ကိုယ့်ချစ်ရတဲ့သူကို အနာတရ ရအောင် ၀မ်ရင်က လုပ်နိုင်တယ်လား။ လုပ်ရက်သလား။

ကျန်းချန် - ကျန်သူတော့ မသိဘူး ကျွန်တော်က လုပ်ရက်တယ် သိလား

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now