တကယ်တော့ ရှန်းယိုလင် ခင်ပွန်းနှင့် ရီဟွိုင်၏
အတွေးက ဆင်တူခဲ့ကြသည်။ ထို့အပြင်
သူက ရီဟွိုင်နဲ့ သူ့ယောက်ကထီး၏
ဆက်ဆံရေးကို သူမတားမြစ်တုန်းက ဝင်ရောက်
ဖျောင်းဖြပေးခဲ့သည်ပင်။

ရုတ်တရက် ရှန်းယိုလင်ရဲ့ အမူအရာက တစ်ခုခုကို ငေးကြောင်သွားရသည်။

"ကြည့်ရတာ....ကျွန်မတစ်ခုခုကို မေ့သွားတဲ့ပုံပဲ"

"ဘာကိုလဲ???"

ရှန်းယိုလင်က စကားကိုတစ်လုံးချင်းစီ
ပြောရန်ကြိုးစားနေရပြီး သူမမျက်နှာထက်၌
ကြောက်ရွံ့မှုတွေ တဖြည်းဖြည်း  ပေါ်လာရသည်။

"ရှင်မှတ်မိသေးလား????ကျွန်မအဖေကို သင်္ဂြိုလ်တော့ သူ့အရိုးပြာအိုးကို ကိုင်ရတဲ့သူက
ကျွန်မလေ"

"အင်းမှတ်မိတယ်"

"အဲဒီတုန်းက အရိုးပွာအိုးက အရမ်းကို
လေးခဲ့တယ်"

သူမခင်ပွန်းကလည်း သူမနည်းတူ ကြောင်အသွားရပြီး ချက်ချင်းကို သဘောပေါက်လာခဲ့သည်။

"မဟုတ်မှလွဲရော......"

ရှန်းယိုလင်က အံ့သြထိတ်လန့်နေသည့်ကြားထဲက ကြောက်ရွံ့စွာ ပြုံးပြလာရင်း

"ဟုတ်..လောက်တယ်...ကျွန်မတွေးတာ
များသွားလို့လည်း ဖြစ်နိုင်လောက်ပါတယ်"

အဆုံးမှာတော့ ထိုကိစ္စက ရှန်းယိုလင်ရင်ထဲမှာဖုထုံးကြီးတစ်ခုလို ဖြစ်လာခဲ့သည်။

ရှန်းယိုလင်ရဲ့ ခင်ပွန်းသည်က သူမမစားမသောက်ဘဲ စိတ်မကောင်းဖြစ်နေသည်ကို
မြင်တော့ သူမကိုပြောလာခဲ့သည်။

"ကိုယ်တို့ မင်းအဖေကို ပြန်ကြည့်ကြည့်ကြရင်ရော????"

"ရှင်....."

"အတည်ပြုကြည့်ရအောင်ပါ"

ပထမဆုံးအကြိမ်အဖြစ် ရှန်းယိုလင်ကြောက်ရွံ့လာခဲ့ရသည်။ ရှန်းယွီချန် ထွက်သွားတုန်းကတောင် ဒီလောက်မကြောက်ရွံ့ခဲ့ပေ။

"အမှန်ဖြစ်နေရင်ရော????အမှန်ဖြစ်နေရင်
ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ????"

သူမခင်ပွန်းသည်က တစ်ခဏလောက် ဆွံ့အနေပြီး တိုးတိုးလေး ပြောလာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Mar 13, 2022 ⏰

Add this story to your Library to get notified about new parts!

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now