11.4(U)(final)

2.9K 424 37
                                    

ရှန်းယိုလင် နဂိုက ထင်ခဲ့သည်က ရီဟွိုင်က
ဝမ်းနည်းလွန်းသဖြင့် အသုဘအား မလာတာဟု
ထင်ခဲ့သည်ဖြစ်သည်။ သို့သော် ထိုနေ့မှစ၍
ရီဟွိုင်မှာ ပျောက်ခြင်းမလှ ပျောက်သွားသည်။

ကမ္ဘာကြီးပေါ်ကနေ အမှုန်အမွှားဖြစ်သွားသည့်
နှယ်......

နောက်ဆုံးမှာ ရှန်းယိုလင်က ရဲများ၊ကျွမ်းကျင်သော စုံထောက်များကို ငှားကာ ရှာခိုင်းသော်လည်း အကျိုးမရှိခဲ့ပေ။

အချိန်တစ်ခုကြာသည်အထိ ရှန်းမိသားစုမှာ
ခေါင်းမပါတော့သည့် နဂါးတစ်ကောင်လို
ဖရုိဖရဲဖြစ်ကုန်တော့သည်။

သို့သော်လည်းပဲ ရီဟွိုင်အကြောင်း
တစ်စွန်းတစ်စမျှ ရှာမတွေ့ပေ။

ရှန်းယိုလင်၏ ကလေးနှစ်ယောက်က
အလွန့်ကို ကျန်းမာကြသည်။ ရှန်းယွီချန်
သူမအတွက် ထားပေးခဲ့သော ပစ္စည်းများက
သူမတို့အတွက် မပူမပင်နေကြရသော်လည်း
သူမက ကိုယ်ပိုင်ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်
ဖွင့်ခဲ့သည်။

အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားရင်း နှစ်နည်းနည်းလောက်လည်း
ကြာသွားပြီဖြစ်သည်။

တစ်ညမှာတော့ ရှန်းယိုလင်က သူမခင်ပွန်းသည်ကို မေးလာခဲ့သည်။

"ကျွန်မတစ်ရက်မှာ သေသွားခဲ့ရင်
ရှင်ဘယ်လိုလုပ်မလဲ?????"

သူမခင်ပွန်းက သူမခေါင်းကို ပွတ်သပ်ပေးလျက်
ချက်ချင်းပင် ပြန်ဖြေလာသည်။

"ကလေးတွေလည်း ကြီးလာပြီဆိုရင်
ကိုယ်မင်းကို လိုက်အဖော်ပြုပေးမှာပေါ့"

"ဒါပေမဲ့ ကျွန်မလက်မခံနိုင်ဘူး။ကောင်းကောင်းနေခဲ့ပါ ဟုတ်ပြီလား????ကျွန်မကို ရှင်
အဖော်လိုက်ပေးမှာ လက်မခံနိုင်ဘူး"

သို့သော်လည်း သူမခင်ပွန်းက သူမစကားများကို
ရယ်လျက် ပြန်ပြောလာသည်။

"အရူးမလေး....ဘာလို့ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ????တစ်ယောက်တည်း
အထီးကျန်ပူဆွေးပြီး နေရမဲ့တူတူ မင်းနဲ့
လိုက်အဖော်ပြုပေးမှကောင်းမှာပေါ့"

တကယ်တော့ ရှန်းယိုလင် ခင်ပွန်းနှင့် ရီဟွိုင်၏
အတွေးက ဆင်တူခဲ့ကြသည်။ ထို့အပြင်
သူက ရီဟွိုင်နဲ့ သူ့ယောက်ကထီး၏
ဆက်ဆံရေးကို သူမတားမြစ်တုန်းက ဝင်ရောက်
ဖျောင်းဖြပေးခဲ့သည်ပင်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now