5.1(U)(အလွန်အကျွံအတွေးများ)

2.5K 396 5
                                    

"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် မဖြစ်ပေးနိုင်တော့ဘူး (5)"

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတဲ့နောက် တခြားမိသားစုက ကလေးတွေကတော့ နွေရာသီအားလပ်ရက် မှာ ပျော်ပါးကြလိမ့်မည်။သူ့မိသားစုကကလေးနှစ်ယောက်ကတော့ ဆန့်ကျင်ဘက်အနေနဲ့ အတိုက်အခိုက်လေ့ကျင့်နေကြပြီး
တစ်ရက်ပြီးတစ်ရက် ပိန်ပါးလာကြသည်။

ချန်လီကောက အစကတော့ ရှန်းယိုလင်ဟာ အတိုက်အခိုက်ပညာကို ထဲထဲဝင်ဝင်သိသွားရင်
လက်လျှော့လိမ့်မည်ဟု ထင်ခဲ့သည်။သို့သော်လည်း မမျှော်လင့်ထားစွာ သူမက သူမစိတ်ကိုမပြောင်းလဲဘဲ အတိုက်အခိုက်လေ့ကျင့်ခန်းတွေနဲ့ relationship ချိတ်ထားသည်။
မနက်တိုင်း သူမဟာ စောစောထလေ့ရှိပြီး
ချန်လီကော သူမအတွက် ရှာပေးထားတဲ့
တိုက်ခိုက်ရေးနည်းပြဆီသို့ သွားလေ့ရှိသည်။

ရီဟွိုင် ကတော့ ချန်လီကောနောက်သို့ အလုပ်သင်အနေနဲ့ လိုက်နေသည်။ပထမဆုံးအနေနဲ့ ရီဟွိုင်က အောက်ခြေက စလေ့လာရသည်။သို့သော်လည်း ဒီလိုအလုပ်တွေက သူ့အရည်အချင်းကို ကြာကြာဖုံးကွယ်မထားနိုင်ပေ။
သူ့ကို ချန်လီကောက အရာအားလုံးကို သေချာရှင်းပြသည့်တိုင်အောင် သူက ထိုအရာအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သည်သာမက တစ်စိတ်ပြရင် တစ်အိတ်လောက်ထိမြင်နိုင်သည့်စွမ်းရည်ပါ ရရှိထားသည်။ထို့အပြင် သူ့ကို
လုပ်ဖော်ကိုင်ဖက်တော်တော်များများကလည်း
သဘောကျကြသည်။

ဒီအကြောင်းတွေကြောင့် ချန်လီကောရဲ့ဝန်ထုတ်တွေတော်တော်များများ ပြေလျော့ခဲ့သည်။သို့သော်လည်းပဲ နွေရာသီအားလပ်ရက်က အချိန်တိုတောင်းစွာ တက္ကသိုလ်တက်ရမည့်အချိန်က
တံခါးပေါက်ဝသို့ ရောက်ရှိလာသည်။

အဆုံးမှာတော့ ရှန်းယိုလင်က သူတို့ပြည်နယ်နဲ့နီးတဲ့ ပြည်နယ်ထဲက တက္ကသိုလ်ကို ရွေးချယ်ခဲ့ပြီး
ချန်လီကောက သူမကို လိုက်ပို့ခဲ့သည်။

သူက သူမရဲ့အိပ်ခန်းကိုပါ သန့်ရှင်းရေးကူလုပ်ပေးခဲ့ပြီး သူမနှင့် ကျောင်းထဲကိုပါ လိုက်ကြည့်ခဲ့သည်။ထို့ကြောင့် သူမက သူ့ကို စတင်ပြီး
ပြန်သွားဖို့တိုက်တွန်းလာသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now