9.3(U)

2.6K 381 15
                                    


ချန်လီကောရဲ့ နှလုံးသားက တုန်လှုပ်နေခဲ့သည်။
သူက ဆေးသေတ္တာကို တုန်ယင်နေတဲ့ လက်တွေနဲ့ကောက်ယူလိုက်ရင်း systemကို ပြောလိုက်သည်။

"ဆေးကိုဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ သူငါ့ကိုပြောလည်းမပြောခဲ့ဘူး"

system-"........."

"အဲဒါအရေးကြီးကိစ္စပဲကို ငါဘာလို့ စိတ်တွေပြန့်လွင့်နေရတာလဲ"

"သူဒါကို တမင်တကာလုပ်တာတော့ မဟုတ်ဘူးမလား"

system-"မင်းတကယ်ပဲ ဆေးကို ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ မသိဘူးလား???"

ချန်လီကောက ဆေးသေတ္တာထဲက ရီဟွိုင်ပေးသွားတဲ့ ဆေးကို သေချာကြည့်နေသည်။ဆေးရဲ့ပုံစံက ဆေးတောင့်ပုံစံမျိုးဖြစ်ပြီး ကြည့်ရတာ ခန္ဓာကိုယ်အောက်ပိုင်းကို သွင်းရသည့်ဆေးနှင့်တူနေသည်။ သူက အဲဒါကို နေ့တစ်ဝက်လောက် လေ့လာပြီးမှ နောက်ဆုံးတော့ သူ့စအိုဝသို့ထည့်ရမည်ဟု သိလိုက်သည်။

system- "မင်းအခုသိသွားပြီလား????"

"မသိပါဘူး ဒါပေမဲ့ အဲလောက်အကြီးကြီးက
မြိုချလို့လည်း မရတဲ့အတွက် အောက်ပိုင်းကို
ထည့်တာပိုကောင်းမယ်ထင်လို့....."

ထိုသို့ပြောလိုက်ပြီးနောက် အရင်ဆရာဝန်ကမ္ဘာတုန်းက ထိုကဲ့သို့ ဂန္ဓမာပေါက်ဝသို့ ထည့်ရမည့်ဆေးအား မှားသောက်မိသောသူ့လူနာကို သတိရသွားသည်။

ရီဟွိုင်က သူပေးခဲ့တဲ့ဆေးကို သူ့သခင်အသုံးပြုနေပုံကို မော်နီတာပေါ်က စောင့်ကြည့်နေခဲ့သည်။

သူက ချန်လီကောရဲ့အပြစ်ကင်းစင်မှုကို
တွေ့ရတွေ့ သူ့ရဲ့မျက်လုံးထဲမှာ အရောင်တွေနဲ့
လင်းလက်နေခဲ့သည်။ သူ့နှလုံးသားထဲက
မီးတောက်ငယ်ဟာ တဖြည်းဖြည်း သူ့စိတ်ကိုပါ
လောင်ကျွမ်းလာပြီး ပေါက်ကွဲလုမတတ် ခံစားနေရသည်။ သူက ချက်ချင်း အခန်းထဲကို ပြန်ဝင်ပြီး
သူ့သခင်ကို နောက်တစ်ကြိမ် သိမ်းပိုက်ချင်မိနေသည်။

ရှန်းယွီချန်က သူ့နှလုံးသားထဲမှာ နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ တစ်နေ့မှာ သူက သူ့ရဲ့
နတ်ဘုရားကို သော့ခတ်ပြီး သိမ်းထားချင်မိခဲ့သည်။ ဒီလိုမလျော်ကန်တဲ့ဖိအားတွေက သူ့ဝိဉာဥ်ကို ပိုပြီး မငြိမ်းချမ်းစေခဲ့ပေ။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now