"ဒါဆို ဟိုလူနှစ်ယောက်နဲ့ကရော"
"သူတို့နဲ့လည်းကျွန်မဖောက်ပြန်တယ် မောင်ပြောသမျှလူတိုင်းနဲ့ ကျွန်မဖောက်ပြန်နေတာ"
"ဘယ့်နှယ့်လဲ မောင်"
"မင်း "
မောင်သည်သူမအားစိတ်လျော့လိုက်ဟန်ရှိသည်။မောင့်စကားတို့သည် ကျောချမ်းစရာအတိ။အေးအေးစက်စက်စကားတို့နှင့် သူမအနား ကပ်လာသည့်မောင့်အား စိုက်ကြည့်မိသည်။"မင်း ဖောက်ပြန်တယ်ဆိုရင်တောင် မောင်ခွင့်လွှတ်လိုက်ပါ့မယ်.....ဒါပေမယ့်"
သူမဆံနွယ်တို့အား သပ်တင်ပေးနေသည်။
မောင်ဘာဖြစ်နေသလဲ။မောင့်ပုံစံဟာအသိစိတ်မရှိသလို။"မောင့်အနားကထွက်သွားဖို့ကြိုးစားခဲ့မယ်ဆိုရင်........."
နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြ၏။ထိုအပြုံးကသူမအားကျီဇယ်နေသယောင်။
"မောင်ပြောခဲ့တယ်မလား"
သူမနှဖူးအားခပ်ဖွဖွနမ်းသည်။မောင့်အနမ်းတို့က ချစ်ချင်စရာအတိ။
"မောင် မင်းခြေထောက်တွေကိုရိုက်ချိုးမှာ"
မောင်ဟာလှည့်ထွက်သွားခဲ့သည်။မောင့်ကျောပြင်လေးသာ ငေးနိုင်ခဲ့သည်။တစ်လှမ်း နှစ်လှမ်း သုံးလှမ်း မောင်နှင့်တဖြေးဖြေးဝေးသွားပြီ။အခန်းတံခါး အားမောင်အသာအယာပိတ်ခဲ့သည်။
သူမတင်းထားသောစိတ်များအားလျော့ချခဲ့ပါ၏။မောင် ကသိပ်အတ္တကြီးသည်။
သူမသည်လည်းမာနကြီးသည်။သို့သော်ညား မောင့်အား ချစ်နေမိခဲ့သည်။ မောင်သူမအားစွပ်စွဲသမျှ နားလည်ခဲ့သည်။ မောင့်အားချစ်သည်လေ။စီးကရက်တစ်လိပ်ကိုမီးညှိကာ နှုတ်ခမ်းဝပေါ်တင်မိ၏။ရှေ့ဆက်ဘယ်လိုဖြစ်မည်နည်း။
သူမဘက်ကမလျှော့လျှင်မောင်သည်ယခုထက်ပို၍ စွပ်စွဲမည်လား။
သူမမောင့်အကြောင်းမတွေးချင်တော့။ လက်ထဲစီးကရက်ကိုသာ ကုန်အောင် ဖွာရမည်။မောင်နှင့်ပတ်သတ်လာလျှင်အရာရာ အလျော့ပေးတတ်သည့်သူမ။ သိမ်မွေ့သည်သူမသည် လူတွေအမြင်မှာတော့မာနကြီးတဲ့သူတယောက်ဆိုတာ မောင်မေ့နေခဲ့သည်။
အပိုင်း(၂၂)
Start from the beginning