Arc- 5.16 Unicode

Start from the beginning
                                    

ဝမ်ရှီး ရှိကိုတွန်းလိုက်ပြီး အတန်းအပြင်ကိုထွက်သွားလိုက်သည်။ ဒီအချိန်မှာ သူတစ်ယောက်တည်းနေချင်တယ် ။ သူရှိရဲ့ အတ္တတွေရဲ့အဝေးဆုံးမှာနေချင်တယ်။ သူ့အပေါ်အမြဲတမ်းအနိုင်ယူတတ်တဲ့ရှိရဲ့ အဝေးဆုံးမှာပဲ နေချင်တယ်။ထပ်ပြီးငါနဲ့ နီးဖို့မကြိုးစားပါနဲ့။

.........
.........

" ဟျောင့်.....နွားကြီး.....ကျန်းခန်းသာလို့မာပါစ.....ဟန့်.....မာမှာပါ.....မင်းရဲ့စကီလေးတွေနဲ့ဆိုတော့......အဟန့်..... "

" ဘာလဲကွာ.....အလုပ်များရတဲ့ကြားထဲ.....မင်းလိုအားယားနေတာမဟုတ်ဘူး......မင်းသာလေ......မင်းလင်ကြီးအလိုလိုက်ထားလို့......ဒီလိုဆိုးနေတာ.....ငါချန်ဟောက်ကိုတော့.....အံသြတယ်......မင်းကိုဘယ်လိုကြိုက်သွားလဲဆိုတာ..... "

" ဒါကတော့......ကိုယ်တွေချောလို့နေမှာပေါ့.......အဟား "

" ငါမင်းကိုမဆဲတော့ဘူး.....ငါဒီနေ့စိတ်ကောင်းဝင်နေတယ်..... "

" ဘာလို့လဲဝမ်ရှီးပြန်လာတော့မှာမလို့လား "

" အင်း.....သူပြန်လာတော့မယ် "

ဖန်ရှိ စားပွဲပေါ်က ဝမ်ရှီးရဲ့ဓာတ်ပုံလေးကိုကြည့်ကာပြုံးလိုက်သည်။ ခုဆို ရှိီးထွက်သွားတာ 5 နှစ်ရှိပြီ။ အဲ့အချိန်ထဲကပေါ့ ။ ခုဆို ဖန်ရှိလည်း သူ့မိဘတွေရဲ့ company ကို အောင်မြင်အောင် လုပ်ဆောင်နေသည်ပင်။ ရှင်းဟန်နဲ့ ချန်ဟောက်ကတော့ လွန်ခဲ့တဲ့ လေးနှစ်လောပကတည်းက လက်ထပ်လိုက်ကြသည်ပင်။ ချန်ဟောက်ကလည်း ကိုယ်ပိုင် Company တစ်ခုကို တည်ထောင်ခဲ့သည်။ ချန်ဟောက်ရဲ့ မိသားစုကCompany ကိုတော့ သူ့အကို ကျန်ဟောက်ထန်းက ဦးစီးနေလေသည်။ ရှင်းဟန်ကတော့ လင်အားကိုးနဲ့ အလုပ်မရှိအကိုင်မရှိ အလေလိုက်လိုက် သူနဲ့ ရန်ဖြစ်လိုက်နဲ့ပင်။ ထိုက်ဖုန်းကတော့ ချန်ဟောက်အကို ဟောက်ထန်းနဲ့လက်ထပ်လိုက်လေသည်။ ဘာအကြောင်းကြောင့်လည်းတော့မသိပေမယ့် ရုတ်တရက်လက်ထပ်လိုက်​ကြခြင်းပင်။ ဖန်ရှိတောင်အံသြခဲ့ရသေးသည်။

.........
.........

( လွန်ခဲ့သော...... လေးနှစ်ခန့်က...... )

ကျန်ချန်ဟောက်-" အားးးး.....wtf. ....ငါ့ိုးးးး.....ဟျောင့်ပိန်ညှောင်.....ထစမ်းးးး.....ဘာဖြစ်သွားတာလဲ "

system one o six(106) S -1 ( Z &U )Where stories live. Discover now