Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ

Start from the beginning
                                    

အကယ်၍ ကျန်းချန်ကျစ်က တံခါးပိတ် တရားကျင့်ရာကနေ ထွက်လာလို့ ဒီကိစ္စကို သိသွားခဲ့မယ် ဆိုရင်တောင် ဒါက အဆုံးသတ်ပြီးသား ကိစ္စဖြစ်နေပြီဆိုတော့ ကျန်းချန်ကျစ်ဘက်ကနေ သူ့ကိုဘယ်တော့မှ အပြစ်တင်လာမှာမဟုတ်ဘူးလေ။

တုချီယင်းက သူ့ဗျူဟာကို အကွက်ကျကျ တွက်ချက်ပြီးနောက်မှာ အရောင်အသွေး စုံလင်လှပြီး တောက်ပလင်းလက်နေသည့် ဝိညာဉ်ချီစုဆောင်းခြင်း ကိရိယာအား မျက်လုံးများမှေးကျဉ်းကြည့်ကာ စဉ်းစားလိုက်သည်။

အကယ်၍သူသာ ထုန်လဲ့ရှာပေးလာမယ့် လျှပ်စီးကြောင်းဆွဲဆောင်တဲ့ မှော်ကိရိယာကို စောင့်လိုက်မယ်ဆိုရင် တစ်ချက်တည်းနဲ့တင် ပဏာမဘုံအဆင့်ကို တကယ်ပဲ ချိုးဖြတ်သွားနိုင်လိမ့်မယ်

အဲ့ဒီအချိန်ရောက်လာခဲ့ရင် လင်ရွှမ်းဇီက ဒီလိုမျိုးဆက်ပြီး အထိန်းအကွပ်မဲ့ ဖြစ်နေဦးမလား ကြည့်ကြသေးတာပေါ့!

............

ချိုးဖြတ်ဓားတောင်ထွတ်တွင် မဟာအကြီးအကဲ ချင်းယွင်၏ တံခါးပိတ် တရားကျင့်ကြံခြင်းက နီးကပ်လာပြီဖြစ်သည်။

"ဒီနေ့ ဆရာ တံခါးပိတ် တရားကျင့်ကြံခြင်းကို ဝင်ရောက်တော့မယ် ; ဒီတစ်ခါတော့ ခန္တာကိုယ်က အဆင်ပြေရမယ့်အစား နေလို့မကောင်းဖြစ်နေတယ်— မင်းတို့တွေ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြ"

မဟာအကြီးအကဲ ချင်းယွင်က ဂရုမထားသည့် မျက်နှာဖြင့် သတိပေးလာသည်။

ဒီနေ့သူက အရေးကြီးသော ကိစ္စများအကြောင်း သတိပေးရန် သူ့ရဲ့ ပင်ရင်းတပည့်အားလုံးကို ဆင့်ခေါ်ထားခြင်းပင်။

ယွမ်ထျန်းဝမ်နဲ့ တစ်ခြားသူများအားလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်မိကုန်ကြသည်။

ယွမ်ထျန်းဝမ်က ငြင်းဆို၏။

"ဘာလို့ ဆရာက ဒီလို နမိတ်မရှိ နမာမရှိတွေ ပြောနေရတာလဲ? ဒီတစ်ခေါက် တံခါးပိတ် တရားကျင့်တဲ့ ကိစ္စမှာ သေချာပေါက် အောင်မြင်မှာပါ"

"ဟုတ်တယ်, ဆရာဘယ်လိုများ ဒီလိုပေါက်ကရ စကားတွေ ပြောနိုင်ရတာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now