Chapter {2}

608 90 18
                                    


နွေမက၊ မိုးမကျသေးသည့်ရာသီဥတုက အနည်းငယ်နေလို့ကောင်းနေသည်။ အုံ့မှိုင်းမှိုင်း ကောင်းယေကင်အောက်တွင် ဟိုသည် ဝီခေါ်နေသော ကားများကတော့ ပြည်လမ်းတောက်လျှောက်ပြည့်နှက်လို့။

ရန်ကုန်မြို့​၏ အထင်ကရနေရာတွင်တည်ရှိနေသော သူတို့ကျောင်းကြီးက ရာသီိဥတုနှင့်လိုက်ဖက်စွာထည်ဝါလို့နေသည်။ ပုဂ္ဂလိကကျောင်းဖြစ်သည့်အလျောက် စည်းမျဉ်းစည်းကမ်းအတော်ကြီးသောကျောင်းဆိုလျှင်လည်း မမှားလှ။

သို့သော် ဤကျောင်း​၏ ထူးခြားချက်ဟုသာဆိုကြပါတော့။ ကျောင်းသား၊ ကျောင်းသူများ​၏ အဆင့်သတ်မှတ်ချက်ကား နောက်ခံ မိသားစု​၏ ရာထူးအဆင်အတန်းပေါ်သာ မူတည်နေသည်တဲ့လေ။

"ယူ အရမ်းလန်းနေပါလား"

"အင်း ဖေဖေမနေ့က ပါရီက ပို့လိုက်တာ"

ကျောင်းယူနီဖောင်းစကတ်တိုများကိုပင် တိုသထက်တိုအောင် ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးများက ကော်ရစ်တာအပြည့်နေရာယူထားကြသည်။

"ဘယ်သူ့ကားလဲ"

ကျောင်းဝန်းထဲသို့ ထိုကားလေး ကျွီခနဲ ထိုးရပ်လာသည်နှင့် ရှိသမျှ ကျောင်းသား၊ ကျောင်းသူများ​၏ မျက်လုံးများက ထိုကားလေးဆီမှာသာ ဝေ့ဝဲလို့။ကားတံခါးပွင့်လာသည်နှင့်အတူ မြေပြင်ပေါ်သို့ ခပ်ကြွကြွ ခြေထောက်တစ်ဖက်က နင်းချလာသည်။

"သူ ဘယ်မေဂျာကလဲ သိလား"

"IR ကထင်တာပဲ။ နင် မသိဘူးလား"

ယောက်ျားပီသသည့်ကျစ်ကျစ်လစ်လစ်ခန္ဓာကိုယ်အချိုးအစားက ခြေလှမ်းလေတိုင်း ထည်ဝါလို့နေသည်။ တစ်လှမ်းချင်းလျှောက်လာသည့်ကောင်လေးက နားကြပ်လေးတပ်ထားသော်လည်း သူ့အကြောင်းတီးတိုးပြောဆိုနေသံများကို ကြားရပုံပေါ်​၏။ မျက်လုံးကလေးက လှစ်ခနဲ ပြုံးယောင်သန်းသွားသေးသည်။

"အင်း မသိဘူး။ မိုက်တော့ မိုက်တယ်နော်"

ဆံပင်ကို သပ်ရပ်စွာ ပုံသွင်းထားပုံပေါ်သည်။ သန့်ပြန့်နေသည့် ရုပ်ရည်က အုံ့ဆိုင်းဆိုင်း ရာသီဥတုတွင်ပင် ထင်းလင်းလို့နေ​၏။

BougainvilleaWhere stories live. Discover now