Intro

1.9K 121 17
                                    

Unicode

"ဒီိသက်ငယ်မုဒိမ်းမှုကို ကျုးလွန်တဲ့လူတွေက အစ်မရဲ့ချစ်လှစွာသော သားတွေမဟုတ်ဘူးလား"

"ကျွန်မ သားတွေ ကျူးလွန်ခဲ့ပါတယ်လို့ သက်သေရှိသလား။ ရှင်တို့ပြော။ ရှင်တို့ကို အသရေဖျက်မှုနဲ့တရားပြန်ဆွဲလို့ရတယ်နော်။ သဘောပေါက်"

တစ်ဖက်လူ​၏ စကားအဆုံးကောင်လေးက ခပ်ယဲ့ယဲ့ပြုံးသည်။ အများပြည်သူပင် သိရှိသော စီိစီတီိဗ္ဗီမှတ်တမ်းများက တရားခွင်မှာ သက်သေဖြစ်မလာသည်အထိ ရာထူး၊ အသိုင်းအဝန်းဟာအရေးပါလှသည်တဲ့။

တရားစွဲခံထားရသည့်အမျိုးသမီးဟာ တရားခံရယ်လို့ လက်ခံပုံမရ။ သူ့ကိုယ်သူ အပြစ်ရှိသည်ဟုလည်း ခံစားရပုံမပေါ်။ အဓိက ပိုဆိုးသည်က ထိုအသိုင်းအဝိုင်းကား မြန်မာနိုင်ငံ​၏ အတွင်းထဲမှ လှိုက်စားပုပ်ပွနေသည့် အသိုင်းအဝိုင်းပေမို့။

"စီိရင်ချက်ချမည်"

တရားသူကြီး​၏ အမိန့်ချမှတ်မှုအဆုံး ထိုအမျိုးသမီးက အောင်နိုင်သူ အပြုံးဖြင့်ပြုံးကာ တရားရုံးအတွင်းမှ ခပ်ကြွားကြွားထွက်သွားသည်ကို ခံပြင်းစွာ ကြည့်နေခဲ့ရသည်။

တရားရုံးအတွင်း ဟိုမှသည်မှလှုပ်ရှားသွားလာနေသော လူတစ်စု။ တရားလို ကလေးမလေး​၏ မိဘနှစ်ဦးစလုံး တွေတွေငေးငေးဖြင့်။ သူတို့ မျက်လုံးတွေက မျှော်လင့်ချက်မဲ့နေကြပြီ။ စကားပင် သေချာမပြောနိုင်သေးသည့်သမီိးငယ်လေးရဲ့ ရှေ့ရေးကို သူတို့မည်မျှပူပန်နေကြလိမ့်မည်နည်း။ မည်မျှ သောကရောက်နေကြမည်နည်း။

ဥပဒေ။ သူ ငယ်စဉ်က ဥပဒေကို အထင်ကြီးခဲ့ဖူးသည်။ ဥပဒေဘက်တော်သားများကို အားကျခဲ့ဖူးသည်။ မတရားမှုမှန်သမျှကို ဥပဒေနှင့် ဖြေရှင်း၍အဆင်ပြေသည်ဟု ထင်ခဲ့ဖူးသည်။
မည်သည့်နေရာတွင်မဆို ဥပဒေအထက်မှာ သူတို့တွေရှိနေသည်ဟူသည့်အချက်ကို သူ မေ့လျော့ထားခဲ့မိသည်ကိုး။

ငယ်စဉ်က အဖိုးဖြစ်သူနှင့်စကားဝိုင်းကလေးကို သတိရမိပါရဲ့။

"အမှန်တရားက ရာထူးလောက်အရေးမကြီးဘူးလား ဖိုးဖိုး"

"လူတွေ ပိုက်ဆံဘာလို့ရှာလဲ သိသလား လူလေး"

BougainvilleaWhere stories live. Discover now