Extra (5) ( Only One person in one life )

Start from the beginning
                                    

" အမေတို့နဲ့ မိတ်ဆက်ပေးချင်တာ ဦးခန့်က လိုက်ပို့မယ်မှမပြောပဲ "

" ကိုယ့်ကို ဘယ်လိုပုံစံနဲ့မိတ်ဆက်ပေးမလို့လဲ ဆိုချင်တာက ကိုယ်က မင်းအတွက် ဘာလဲပေါ့ "

" ဦးခန့်က ကျွန်တော့်ချစ်သူလို့မိတ်ဆက်ပေးမှာပေါ့ "

" အိမ်က ဆူမှာမကြောက်ဘူးလား "

" ကြောက်တယ် ကျွန်တော် ဘယ်ကနေပိုက်ဆံရှာပြီးပံ့ပိုးပေးတယ်ဆိုတာ အမေတို့ အမှန်အတိုင်းသိမထားဘူးဗျ ၊ သိသွားမှာလည်းကြောက်တယ် အစက ကျွန်တော်တို့ပတ်သတ်မှုက ဒီလိုမှမဟုတ်တာ ပြောဖို့ သတ္တိမရှိခဲ့ဘူး ၊ ဒါကြောင့် ကျွန်တော်အမှန်အတိုင်းပြောမှာမဟုတ်ဘူး "

" ကိုယ်နားလည်တယ် တကယ်လို့ ကိုယ့်ကို လက်မခံကြရင်ရော "

" ပြောကြည့်ရင်ရမှာပါ ဦးရယ် "

ခန့်က ရယ်ပြီး မျက်မှန်ကိုချွတ်သည်။ ကောင်လေးရဲ့ အကျီအဖြူလေးကို ကြယ်သီးတွေဖြုတ်ပြီး ဝင်းဝါနေတဲ့ ရင်ဘက်ကလေးကို ငုံ့နမ်းသည်။ ခပ်ညိုညိုအသီးလေးကို ညှစ်တော့ ကောင်လေးဆီက အင့်ခနဲအသံထွက်လာ၏။ ခေါင်းကိုငုံ့ကိုင်းလို့ ပျော့ပြောင်းသည့်အသီးလေးကို ကိုက်စုပ်လိုက်သည်။

" ဒီနေ့တော့ မသွားတော့နဲ့ ကိုယ်နောက်နေ့လိုက်ပို့မယ် "

" ဦး အလုပ်က "

" အလုပ်ထက်စိတ်ဝင်စားစရာကောင်းတာလေး မျက်စိရှေ့မှာရှိနေတာ ကိုယ်က အလုပ်ကိုသွားစရာလား "

ရောင်ရောင့်ခါးလေးကော့တတ်သွားပြီးနောက် ဦးခန့်၏ လက်မောင်းကြီးများကို လန့်ကာဆုပ်ကိုင်လိုက်မိသည်။ ရောင်ရောင့်ပေါင်တံများကလည်း တဆစ်ဆစ်ဖြင့် တစ်စုံတစ်ယောက်၏ သွားရာများကျန်ရစ်နေခဲ့သည်။ တစ်စုံတစ်ယောက်၏ အပိုင်ဖြစ်သော နေရာလေးသည်လည်း စိုစွတ်လျက်ရှိနေသည်။

" ဟာ့! "

တိုးဝင်ခံလိုက်ရခြင်းကြောင့် လူကတုန်ရီသွားရသည်။ ဦးခန့်နဲ့အတူနေဖြစ်တိုင်း ရောင်ရောင့်မှာရင်ခုန်ရသလို ကြောက်လည်းကြောက်ရသည်။ ဦးခန့်က သူ့ဝသီအတိုင်းတိတ်တဆိတ်နေတတ်သော်လည်း အေးဆေးတဲ့သူတွေက ပိုကြောက်စရာကောင်းသည်မဟုတ်လား။ အရင်အပတ်တွေတုန်းက ရောင်ရောင်နဲ့ ဦး ကတောက်ကဆဖြစ်ကြသည်။ ဖြစ်တဲ့ပြသာနာကလည်း ပိုက်ဆံကိစ္စနဲ့ပတ်သတ်လို့ဖြစ်ကြတာ။ ရောင်ရောင်က အခုလက်ရှိလုပ်နေတဲ့အလုပ်ကို ဆက်လုပ်ချင်သည်။ ဦးခန့် ချမ်းသာတာသိပေမယ့် ရောင်ရောင် လက်ဖြန့်မတောင်းချင်ပေ။ ကိုယ့်အလုပ်နဲ့ကိုယ်မှ သိမ်ငယ်သလိုမခံစားရတာဖြစ်သည်။

ASTILLBE (Completed)Where stories live. Discover now