"နောက်ကျသွားပြီ"

(T/N - "晚了" ကို မြန်မာမှုပြောင်းလိုက်တော့ လေးလုံးဖြစ်သွားတာရယ်)

နောက်တော့ ရွှယ်ကျွယ် ရုတ်တရက် အရှေ့တိုးလာတယ်။ တစ်စက္ကန့်အတွင်း သူက ဇုချီရဲ့ ဖန်စီဘောင်းဘီတိုကို ဆွဲချွတ်ဖို့ လက်ကို ဆန့်လိုက်သည်။

"အား--!!!"

ဇုချီ အသက်ခံရတော့မယ့် ဝက်တစ်ကောင်လို အော်လိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ဖောင်းကားနေတဲ့ ဝမ်းဗိုက်ကိုသာ သနားစရာတွေ့လိုက်ရပြီး ချက်ချင်းပဲ အရှက်ကွဲသွားရတယ်။

သူ့အရှက်ကို ကယ်နိုင်တဲ့ ကောက်ရိုးမျှင်တစ်ခုလို ရွှယ့်ကျွယ် တစ်ဝက်နီးပါး ချွတ်ချထားတဲ့ ဘောင်းဘီကို ဇုချီဘယ်ညာ လက်နှစ်ဖက်လုံးနဲ့ ပြန်ဆွဲယူရင်း ရုန်းကန်နေတယ်။

"ရွှယ့်ကျွယ် ခင်ဗျားက သောက်ကျိုးနည်းသားရဲကောင်ပဲ!"

ဒေါသတကြီးနဲ့ ဇုချီထပ်ပြောလိုက်တယ်။

"ခင်ဗျားက ကိုယ်ဝန်ရှိတဲ့သူကိုတောင် အလွှတ်‌မပေးဘူး။ခင်ဗျားလူဖြစ်ဖို့ ထိုက်တန်သေးရဲ့လား !"

သူ့အသံ ရပ်သွားတာနဲ့ ဇုချီဘောင်းဘီကို ချွတ်ဖို့ အာရုံစိုက်နေတဲ့ ရွှယ့်ကျွယ်ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ဇုချီကိုကြည့်ဖို့ ခေါင်းမော့လာတယ်။

ဇုချီထိုအခိုက်အတန့်မှာ အေးစက်တဲ့အရှိန်ဝါရှိတဲ့ ချွန်ထက်နေတဲ့ဓါးနှစ်ချောင်း သူ့ဆီကို တန်းတန်းမတ်မတ် ပျံသန်းလာသလို ခံစားလိုက်ရပြီး သူ့ရင်ဘတ်တွေ အေးခဲသွားသလိုပဲ မသိစိတ်ကနေ သူ့ခန္ဓာကိုယ်ကို လက်နဲ့ပွေ့ပိုက်ကာထားမိတယ်။

တိတ်ဆိတ်သွားတဲ့ လေထုထဲမှာ အန္တရာယ်အငွေ့သက်တွေ ပျံ့နှံ့လာတယ်။ အချိန်ဘယ်လောက်ကြာသွားလဲမသိပေမယ့် ရွှယ့်ကျွယ်ကရုတ်တရက် သူ့ကိုလွှတ်ပေးလိုက်ပြီး အိပ်ယာ ကနေထကာ

"စိတ်မပူနဲ့၊ငါက တခြားသူတွေကို အတင်းအကြပ်ရယူဖို့ စိတ်မဝင်စားဘူး"

လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

ဇုချီကုတင်ပေါ်မှာ မောဟိုက်စွာ လှဲချလိုက်တယ်။ ဒီစကားကြားတော့ သိသိသာသာပဲ သက်သာရာရသွားပြီး အိပ်ယာကနေထဖို့ လက်နှစ်ဖက် ထောက်လိုက်တယ်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Onde histórias criam vida. Descubra agora