53💛

1.8K 167 29
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

" Jen နဲ့ ချစ်သူတွေ ဖြစ်တာ ကြာပြီလား "

၂ ယောက်တည်း လေ့လာနေရတယ် ဆိုပေမယ့် တယောက်
နဲ့ တယောက် စကားပင် လေးလုံးကွဲအောင် မပြောဘဲ ကိုယ့်
အလုပ် ကိုယ်သာ တစိုက်မက်မက် လုပ်နေတာကြောင့် တည်
ငြိမ်  နေတဲ့Jiji နဲ့ Rosé ရဲ့ ပတ်ဝန်းကျင်ကို Jiji ကပင်
စတင် ဖြိုခွင်း လိုက်တော့သည်။

" အင်း နည်းနည်းတော့ ကြာပြီ။၆ နှစ်လောက် ရှိပြီ "

" အတော်ကြာပြီပဲ "

" jen ကို အတော်ချစ်လား "

" ဟုတ် ချစ်ပါတယ် "

" Jiji ရောပဲ ငယ့်ကို သိပ်ချစ်တာ "

ဘာရယ် မဟုတ် Jiji ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ Rosé ရဲ့ နှလုံးသားကို လက်ကြမ်းကြီးနဲ့ ဆွဲစုပ်ထားသလို
နှယ် နာကျင်လွန်းရသည်။အကြိမ်ကြိမ် အဖြေရှာနေသော
ပုစ္ဆာတစ်ပုဒ် အဖြေမထွက်သလိုနှယ် Rosé ဦးနှောက်ထဲမယ်
အရာအားလုံး ဗလာနတ္ထိ ယုတ်စွအဆုံး ချစ်ပါတယ် တဖွဖွ ပြောခဲ့သည့် Jen ပင်လျှင် Rosé ဦးနှောက်ထဲမယ် မရှိတော့
Jiji ဆိုသော ထို အမျိုးသမီးသာလျှင် Rosé ရဲ့ ဦးနှောက်
ကော နှလုံးသား မှာပါ နေရာပေး ထား မိတော့သည်။

အမှန်ဆို Rosé သည် LGBT တစ်ယောက်ဆိုတာ မှန်ပေမယ့် တွေ့သမျှ မိန်းကလေးတိုင်း ကို လိုက်ကြိုက်
လိုက် ခံစားတတ်သော သူမဟုတ်။တစ်ဘ၀လုံးမှာ Jen ဆိုသော အမျိုးသမီး တစ်ယောက်တည်း ကိုသာ ချစ်မိခဲ့ပြီး
ထို အမျိုးသမီး တယောက်တည်း နဲ့သာ ချစ်သူတွေ ဖြစ်ခဲ့ကာ ထိုအမျိုးသမီး တစ်ယောက်တည်း နဲ့သာ Relationship ဘ၀ကို ဖြတ်သန်းခဲ့ဖူး သူ့ဖြစ်သည်။ရှင်းရှင်းပြောရလျှင် Rosé ဆိုသည့် သူမသည် Jen အတွက်သာ Gay နေသော
LGBTတစ်ဦး ဖြစ်တော့သည်။

သို့ရာတွင် ယခုမှာမူ ထိုကဲ့သို့မဟုတ် Kim Jichu ဆိုသော ထိုအမျိုးသမီး ရဲ့ မျက်ဝန်း အစုံ နှုတ်ခမ်း တစ်စုံသည်​ Rosé ဆိုသော သူမ အတွက် ကျရှုံးရာတခုလို ငြိတွယ်ရာတခုလို
ဖြစ်နေသည်ကို သူမ ဘ၀င်မကျချင် သူလည်းဆိုင်သူ နဲ့
ကိုယ်လည်း ဆိုင်သူ နဲ့ သူကလည်း သူ့ဆိုင်သူကို မြတ်နိုးသလို
ကိုယ်ကလည်း ကိုယ့်ဆိုင်သူကို တန်ဖိုးထားပါရဲ့နဲ့ ဘာလို့
ခုလို သစ္စာမရှိတဲ့ အတွေးတွေ ၀င်နေရတာပါလိမ့်။သစ္စာမရှိ
တဲ့ သူတွေကို သိပ်မုန်းတဲ့ ကိုယ်က ခုတော့ ကိုယ်တိုင် သစ္စာ
မရှိတဲ့ သူလို ဖြစ်ချင်နေပြီ ဖြစ်တော့သည် ဒီပြဿနာအား
အမြန်ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းကိုသာ Rosé နည်းမျိုး
စုံ စဉ်းစားနေမိတော့သည်။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now