35💛

1.6K 209 20
                                    

Love and Loyalty
အချစ် နဲ့ သစ္စာ

For ZG😍

Li-ဟင်💢.........

''Lalisa & Park Chaeyoung ´´
တို့
စေ့စပ်မင်္ဂလာပွဲ

ဧည့်ခန်းက ခုံတွေရဲ့ နောက်က အဖြူရောင် နံရံပေါ်မှာ အနက်ရောင် ဖော့များဖြင့် စာလုံးထွင်းကာ ချိတ်ထားတဲ့
စာသားကြောင့် Lisa ပြောစရာစကားတွေပင် ပျောက်သွား
တော့သည်။

Lisa မြင်လိုက်တဲ့ အရာက Lisa ကို ထိုနေရာမှာပဲ အရုပ်ကြိုးပျက် ဖြစ်သွားနိုင် လောက်စေပေမယ့် Lisa  စိတ်ကို ပြန်ထိန်းလိုက် နိုင်ခဲ့တာကြောင့် Lisa ရဲ့ စိတ်ဟာ မာတယ်
လို့ပဲ ဆိုရပေမည်။

Chae-ဟယ်....Lili ဘယ်အချိန်က သတိရတာလဲ။

Li-စောနပဲ။ဒါနဲ့ ဒါက ဘယ်လိုဖြစ်တာလဲ။

Lisa မေးတဲ့ အရာဟာ နံရံပေါ်က စာလုံးတွေ အကြောင်း
အပြင် တခြားမရှိနိုင်တာကို သိတာကြောင့် Lisa လက်ညှိုးထိုး
ပြတဲ့ နေရာကို Chae လှည့်မကြည့် မိတော့ပါ။

Chae-Ruby လွှတ်လိုက်တဲ့ သူတွေလေ။မနက်ဖြန် ၂ ရက်
ပြည့်မှာ။ပြောရရင် မနက်ဖြန် သူ့ စေ့စပ်ပွဲပေါ့။

Li-ငါ ဘယ်လောက်ထိတောင် အိပ်ပျော်သွားခဲ့တာလဲ။

Chae-တစ်ရက် နဲ့ နေ့တစ်ဝက်။

Li-ဒါဆို မနက်ဖြန်......။

Chae-ဟုတ်တယ်​ မနက်ဖြန် Lili နဲ့ Chae ပါ စေ့စပ်ရမှာ။
Lili က နေမကောင်းလို့ အိပ်ပျော်နေတော့ Chae လည်း ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတာ။

Li-အင်း ငါသိပြီ။

Chae-ဒါပေမယ့် တော်ပါသေးရဲ့ Lili ဒီနေ့ သတိရလာလို့။

Li-ဘာကို တော်ပါသေးတာလဲဟင်။

Chae-အော် Lili က ဒီနေ့ သတိရလာတာ ဆိုတော့ ဘာကိစ္စ
မှ မဖြစ်သေးခင် Chae တို့ Ruby ကို သွားရှင်းပြကြမယ်
လေ။

Chae က Lisa လက်ကို ဆွဲကာ Ruby ဆီကို သွားဖို့ ကား
နားကို ထွက်သွားတော့သည်။ကားနားရောက်တော့ တစ်လမ်းလုံး ဘာစကားမှ မပြောတဲ့ Lisa ကို သူ့ရဲ့ လက်ကို
ဆွဲခေါ်လာတဲ့ Chae ကို ခပ်ဖွဖွလေး ဆွဲဖြုတ်လိုက်သည်။

Love and  Loyalty(ZG , Uni){Completed}Where stories live. Discover now