"အမတို့ဘာတွေပြောနေကြတာလဲ တိုးတိုးတိတ်တိတ်နဲ့"

"လာလာ ချောင်ကိုကပ် ပြောပြမယ်"

ခပ်သွက်သွက်ရှိသော နာဂျောင်းက ဘတ်ဟျွန်းကလက်မောင်းကဆွဲကာ တိုင်အကွယ်ကိုခေါ်သွားသည်။ ဘယ်ကြည့် ညာကြည့် နှစ်ဖက်လုံးကိုသေချာအောင် ပြန်စောင်းကြည့်ပြီးမှ ဘတ်ဟျွန်းလက်ကို တဖတ်ဖတ်ရိုက်လာသည်။

"အား..အရမ်းချောတဲ့ဘဲကြီးဟာ ဘတ်ဟျွန်းရာ အရမ်းချောတာ နင်မမြင်လိုက်ရတာနာတယ်ငါတို့ရုံးရဲ့ မန်နေဂျာအသစ်တဲ့ နိုင်ငံခြားကလာတယ်ပြောတယ်"

"ကဲ အားလုံးပဲ ဒီရှေ့မှာ လူစုပေးကြပါ ဒီ​နေ့ရောက်လာတဲ့ မန်နေဂျာက အားလုံးကို မိတ်ဆက်ချင်လို့ပါတဲ့"

" Hello guys ! Glad to see you
ကိုယ်ကနိုင်ငံခြားတစ်ဝက် ကိုရီးယားတစ်ဝက် သွေးနှောပေါ့။ ဒီကိုရောက်တာနှစ်ပတ်လောက်ရှိပြီဆိုပေမဲ့ ကိုယ့်ရဲ့personal caseတစ်ခုကြောင့် နည်းနည်းကြန့်ကြာသွားတာပါ။ အားလုံးပဲကူညီပေးကြပါဦး။ ကိုယ့်နာမည်လီအင်ဝူးပါ"

ခေါင်းညွတ်လိုက်တဲ့အဆုံးမှာ လက်ခုပ်သံတွေပေါ်ထွက်လာ၏။

"ဖြောင်း ဖြောင်း ဖြောင်း"

ဘတ်ဟျွန်းကတော့ ကြောင်တောင်တောင်နဲ့ရပ်နေပြီး လက်ခုပ်ပင်မတီးနိုင်။ အကြောင်းမူကား ထိုမန်နေဂျာအသစ်ဆိုသူက ဘတ်ဟျွန်းကို မျက်လုံးတစ်ဖတ်မှိတ်ပြသွားတာကြောင့်ပင်။

"ဘာလဲဟ ဒီဘဲမျက်ကြောလိုက်နေတာလား"

မနေ့ညကဆုံတွေ့ခဲ့တာကို ဘတ်ဟျွန်းက သေးသေးလေးတောင်မှတ်မိမနေတော့ပါ။ ပုံမှန်ထက်ပိုသောက်မိတာကြောင့်ရော နှစ်ခွက်လောက်နဲ့တင် ဘတ်ဟျွန်းကမူးနေတာရောကြောင့်ပင်ဖြစ်သည်။

_____

မိုးအုံနေသော ညနေခင်းဝယ် ဘတ်ဟျွန်းက ပျင်းတွဲတွဲဖြင့် လမ်းကိုဖြေး​ဖြေးလျှောက်လာ၏။ မနက်ဖြန်ရုံးပိတ်တာရောကြောင့် ညဘက်တစ်ခုခုလုပ်စားဖို့ အနီးရှိ စတိုးဆိုင်လေးတစ်ခုထဲကို ဝင်လိုက်သည်။

သုံးထပ်သားဝက်သားပြားအချို့ရယ် ပါးပါးလေးလှီးထားတဲ့ အမဲသားပြားတွေရယိ ပြောင်းဖူးနှစ်ဖူးရယ် အပ်မှိုတချို့ကိုပါယူလိုက်သည်။ ထို့နောက် မက်ဂျူ2ဘူးရယ် အသင့်စားတော့ပိုကီဘူးရယ် ယူလိုက်ပြီး ကောင်တာသို့လျှောက်သွား၏။

Imaginary SphereWhere stories live. Discover now