အလျော်အစားကြီးမားပြီး ဖြစ်နိုင်ချေ၅၀ရာခိုငိနှုန်းလောက်ပဲရှိတဲ့ အရာကိုဘယ်သူကမှလောင်းကြေးမထပ်ရဲခဲ့ကြပေမဲ့ သူ့အရှေ့ကမိန်းမပျိုကတော့ ခပ်ကျယ်ကျယ် ရယ်သွမ်းသွေးသည်။

"၅ရာခိုင်နှုန်းပဲဖြစ်နိုင်ချေရှိရင်တောင် ကျွန်မကတော့ ဖန်တီးပြီးသားကံကြမ္မာကိုပြောင်းလဲမယ်။
ချစ်ရတဲ့သူကိုမပိုင်ဆိုင်ရတာလောက် နာကျင်ရတာဘယ်မှာရှိမှာလဲ။ မစားရတဲ့အမဲ သဲနဲ့ပက်တယ်လို့ ဝေဖန်ချင်ရင် ဝေဖန်ကြပေါ့ရှင်။ ကျွန်မကတော့ ဒီတစိယောက်ထဲကိုငေးပြီး ကျွန်မရဲ့ပျိုမြစ်မှုတွေ ကျွန်မရဲ့ဖြူစင်မှုတွေ ကျွန်မရဲ့အချစိတွေအကုန် ဒီတစိယောက်ထဲဆီပုံအပ်ခဲ့တာ။ သူရဲ့နောက်ထပ်ချစ်ရမဲ့သူ ပေါ်မလာခင်အထိ ကျွန်မကသူ့အနားမှာရှိနေပေးခဲ့တာ။ သူသာပေါ်မလာခဲ့ရင် လီယောလ်က ကျွန်မကိုပဲချစ်နေမှာ"

ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တို့ကိုမသုတ် သူမကရီဝေနေတဲ့မျက်လုံးတွေနဲ့အဝေးတစ်နေရာကိုစိုက်ကြည့်ရင်း ဆက်ပြောလာသည်။

"အနှစ်၁၀၀..အနှစ်၁၀၀ ဆိုတဲ့သက်တမ်းအတွင်း
ကျွန်မဘက်က မကြိုစားခဲ့ဖူးဘူးများ ထင်သလား
မိန်းမချင်းမနာလိုဖြစ်ရလောက်အောင်အထိ ကြီးတဲ့အမို့အမောက်တွေ လူတိုင်းရဲ့ရင်သပ်ရှုမောခြင်းခံရတဲ့ရုပ်ရည်က သူ့အတွက်တော့ဖွဲနဲ့ဆန်ကွဲလိုပဲ။ အချစ်ဆိုတာ လုပ်ယူလို့မရမှန်းကျွန်မသိပေမဲ့ ကျွန်မအကြိမ်ကြိမ်အခါခါကြိုစားခဲ့တာ..ချစိရတဲ့လူရဲ့ရင်ကိုကိုယ်တိုင်ခွဲ ကိုယ်တိုင်နာကျင်စေပြီး ကျွန်မပြန်ရခဲ့တာဘာလို့ ရှင်ထင်သလဲ။ ပြန်မလာတော့မဲ့လူကို နေ့တိုင်းသူမျှော်နေခဲ့တာ...တစ်နေရာရာကိုအမြဲငေးပြီးမျက်ရည်တွေစို့နေတဲ့ မျက်ဝန်းတွေကိုပဲကျွန်မပြန်ရခဲ့တာ။ သူ့ရင်ဘတ်ကိုသူချစ်တဲ့သူအတွက်နဲ့ ဓားနဲ့ထိုးတဲ့မြင်ကွင်းကို ကျွန်မကမျက်ရည်တွေနဲ့ကြည့်ယုံပဲတတ်နိုင်ခဲ့တယ်။ ကြားဝင်လို့မရတဲ့ဆက်ဆံရေးမှာ ဖြစ်နိုင်ချေလုံးဝမရှိဘူးဆိုရင်တောင် ကျွန်မကတော့ သူတို့နှစ်ယောက် ဘယ်တော့မှ မဆုံတွေ့နိုငိအောင်လုပ်ပစ်ချင်တာ ကျွန်မရဲ့ရုးမိုက်တဲ့ချစ်ခြင်းပဲ။ တန်တာမလို့ ကျွန်မရဲ့အသက်ကိုပေးရလဲတန်တာမလို့ လုပ်စရာရှိတာဆက်လုပ်ပါ ။ လောလောဆယ် ရွှေတုံး၁သေတ္တာထားခဲ့ပါမယ်"

Imaginary SphereWhere stories live. Discover now