Ep 15 (Zaw)

Mulai dari awal
                                    

"ကြင်ယာတော်လေး နောက်နှစ်ရက်ဆို နန်းတော်မှာပွဲတော်ရှိပါတယ် မင်းမယ်တော်ကြီးရဲ့မွေးနေ့မင်္ဂလာပွဲပါ"

"ဟေ ဟုတ်လား အဲ့နေ့ဆိုဘာတွေအထူးတလည်လုပ်ရလဲ"

"စားသောက်ပွဲဖွယ်ဖွယ်ရာရာ တွေခင်းကျင်းပြီး ကချေသည်တွေ ဂီတပညာရှင်တွေနဲ့ မှူးမတ်နဲ့မင်းဆွေမင်းမျိုးတွေကိုဖိတ်ပြီး ကပြဖျော်ဖြေကြပါတယ်"

"ဒါနဲ့ မင်းကြီးကမနိုးသေးဘူးလား"

အဆက်အစပ်မရှိတဲ့စကားကြောင့် အထိန်းတော်ကြီးမျက်နှာကပြုံးစိစိ

"ခုဆို စာကြည့်ဆောင်မှာရှိနေလောက်ပါတယ် ကြင်ယာတော်လေး စာကြည့်ဆောင်ကိုများ ကြွမြန်းချင်သလားမသိဘူး"

"နေ နေ အဲ့မင်းကြီးကိုခေါက်ထားလိုက် အခုစားဖိုဆောင်သွားမယ်"

အခုထိအသားမကျသေးတဲ့ အဝါရောင်ပိုးသားအကျီကို ဒူးခေါင်းရင်းနားလောက်ကနေ ဆွဲမကာ ဘောက်ဆက်ဆက်ဖြင့်အရှေ့ကိုလျှောက်သည်။

ဒေါသထွက်နေတဲ့စိတ်ကို အရှေ့ကမုန့်နယ်တဲ့ထဲ စိတ်နှစ်ကာအားရပါးရ မုန့်နယ်ကိုနယ်ပစ်လိုက်သည်။ လက်ခေါက်တင်ထားပေမဲ့ ဖားဖားယားယားကြီးဖြစ်နေတဲ့ ပိုးသားဝတ်ရုံက လျှောကျလို့ဘယ်လိုမှအဆင်မပြေ ။ ဟိုတစ်နေ့ကလို အကျီကိုဆွဲဖြဲရင်လဲ မင်းကြီးသွေးတတ်ဦးမည်သာ

"အထိန်းတော်ကြီး မြှားပစ်ရင်ဝတ်တဲ့ နန်းတွင်းဝတ်စုံယူခဲ့ပေး နဖူးစည်းပါမမေ့ခဲ့နဲ့နော် ဝမ်းဆက်ဖြစ်နေတာပဲကြိုက်တယ် ဘယ်နေရာရောက်ရောက် ဖက်ရှင်ကအရေးကြီးတယ် အဟမ်း"

လေ့ကျင့်ရေးဝတ်စုံက လက်မှာလက်စည်းပါတာကြောင့် အခုဝတ်ထားတဲ့ဝတ်စုံလိုတော့မလျှောကျနိုင် ။

ဒီလိုပုံစံမျိုး မျကိလုံးထဲမမြင်မှာစိုးလို့

မုန့်နှစ်တွေ ဆန်မှုန့်တွေပေနေသည့်လက်နဲ့ ကြည့်ဖူးသည့်နန်းတွင်းကားထဲက အိမ်ရှေ့စံမင်းသားစတိုင်ဖမ်းကာ မေးစိကိုခပ်ဖွဖွပြောရင်း အထိန်းတော်ကြီးကိုစေလွှတ်လိုက်သည်။

မကြာမီ စားဖိုဆောင်ထဲ မြှားပစ်တဲ့လေ့ကျင့်ရေး အကျီနဲ့ အားရပါးရမုန့်နယ်နေသည့်ကြင်ယာတော်လောင်းလေးကိုတွေ့ရမည်ဖြစ်သည်။

Imaginary SphereTempat cerita menjadi hidup. Temukan sekarang