တကယ်ဆိုမင်းကြီးက ဝင်ခွင့်တောင်းခံနေစရာမှမလိုပဲ အသိပေးရုံသက်သက်ပဲဆိုတာ ဘတ်ဟျွန်းသိပါလေစ

"ကိုယ်တော်ကို ထိုင်ခွင့်ပြုပါဦး"

"ထိုင်ပါ"

မျက်နှာတည်တည်နဲ့ ကျောကိုဆန့်လို့ခပ်မတ်မတ်ထိုကိနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ကရယ်ချင်ပေမဲ့မရယ်ရဲ။ တစ်တိုင်းပြည်လုံးရဲ့အရှင်သခင်ဖြစ်ပေမဲ့ ဘတ်ဟျွန်းကတော့ချန်းယောလ်တစ်ယောက်ထဲရဲ့အရှင်သခင်လေး ။ ဘတ်ဟျွန်းကိုသာ အရှင်သခင်အဖြစ်တေးမှတ်ပြီး ချစ်ခင်လေးစားမည်သာ

"နဖူးစည်းချွတ်ထားလေ အိပ်တော့မှာမလား"

"မဟုတ်ဘူး ဒီတိုင်းပတ်ချင်လို့"

"ကိုယ်တော်လာမယ်မှန်းသိလို့ ချွတ်ပေးမှာစောင့်နေတာမလား"

ရှေ့တိုးလာတဲ့ လက်ဖဝါးကြီးကြီးကို ဘတ်ဟျွန်းက အလျင်အမြန်ဖယ်ထုတ်မိတော့ ချန်းယောလ်မျက်နှာက ကွက်ခနဲ..

"မကြိုက်ရင်လဲ မကိုင်တော့ပါဘူး ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ကိုယ်တော်တူတူလာအိပ်တာ မကြိုက်ရင် ခုပဲအဆောင်တော်ကို ပြန်ကြွလိုက်ပါ့မယ်"

ဘတ်ဟျွန်းဘက်က ဘာစကားကိုမှမစောင့်ပဲ လီယောလ်က ငေါက်ကနဲထကာ တံခါးကိုဖွင့်သည်။

ဒရမ်မာခင်းပုံများ ဒီခေတ်အော်စကာရထားတဲ့သရုပ်ဆောင်တွေတောင် ငိုချင်းချလို့ရသည်။ ဘယ်သူက သူနဲ့တူတူမအိပ်ချင်ဘူးလို့ပြောလဲ

"ဒီမှာ ဒီမှာ တူတူလာမအိပ်နဲ့လို့ပြောမိလား"

လက်ကိုလဲမကိုင်ရဲတာကြောင့် ဘောင်းဘီအနားစကိုသာခပ်တင်းတင်းဆွဲဆုပ်ထားခြင်းသာ..

ချစ်စရာကောင်းတယ်လို့ပြောရင်လဲမကြိုက်ပြန် ခုစကားပြန်ပြောနေတဲ့ပုံက ရန်တွေ့နေသလို နှုတ်ခမ်းသေးသေးလေးတွေတောင် ဆူထွက်နေပြီ ဒါပေမဲ့ မျက်ခုံးနှစ်ဖက်ကတော့ ခပ်တွန့်တွန့်

"လွှတ်ဦး ဗြောင်"

"ဘာ ခင်ဗျားကြီး ကျွန်တော်ကိုင်တာမကြိုက်တာလား"

လွှတ်လိုက်တဲ့အစကို ချန်းယောလ်အလျင်အမြန်ဖမ်းဆုပ်ယူလိုက်ရသည်။ အမှန်တော့ ဘတ်ဟျွန်းကအားနဲ့ဆွဲလိုက်ထဲက ဘောင်းဘီသားရေကြိုးက ဗြိကနဲနဲ့ ပြုတ်သွားပြီဖြစ်သည်

Imaginary SphereWhere stories live. Discover now