6/7/2000

3K 319 27
                                    

မင်းပိုင်လင်းတစ်ယောက် သူ့ရဲ့မူလနေရာကိုပြန်လည်းရောက်ရော မျက်နှာကြီးမှိုင်ကုတ်နေခဲ့တယ်...သူဘာလို့မှိုင်ကုတ်ကုတ်ဖြစ်နေရတဲ့ အကြောင်းအရင်းကိုသိချင်​တောင်ကြောင့်သူစကားစလိုက်တယ်..

' ဘာဖြစ်လို့လည်း..'

' ငါသွားရမဲ့ကမ်ဘာက တစ်ခုပဲရှိတော့တယ်လေ.. အဲ့ဒါပြီးသွားရင်မင်းနဲ့ခွဲရတော့မယ်လေ.. အဲ့အကြောင်းကိုစဥ်စားမိလို့..'

' တစ်နေ့နေတစ်ချိန်ချိန်မှာ ခွဲကြမဲ့လူတွေကြီးပဲ ကြာလာရင်မင်းလည်းငါ့ကိုမေ့လာမှာပါ..'

' အင်း..ငါပင်ပန်းလို့အိပ်တော့မယ် ထုံစံတိုင်းငါ့ကိုနှိုးပေးနော်..'

' ok..အိပ်တော့..'
မင်းပိုင်လင်းလည်းပင်ပန်းလာတာကြောင့် ခေါင်းအုံးပေါ်ခေါင်ချလိုက်တာနဲ့ အိပ်ပျော်သွားတော့သည်။

%%%
မနက်ရောက်တော့လည်း ရှင်းယွမ်ဟာနှိုးနေကျအချိန်ကိုနှိုးလိုက်တယ်..မင်းပိုင်လင်းလည်းလုပ်စရာရှိတဲ့အလုပ်များကို လုပ်ပြီးကျောင်းသွားခဲ့တယ်..ကျောင်းမသွားခင်လေးမှာ သူချစ်ရတဲ့လူကြီးကိုဖုန်းဆက်ဖို့လည်း မမေ့ချေ။ ပြောပြီးတာနဲ့ စက်ဘီးလေးနင်းရင်း ကျောင်းသို့ဦးတည်တော့သည်။

ကျောင်းဝန်းထဲရောက်တာနဲ့ အကုန်လုံးဟာမင်းပိုင်လင်းကိုကြည့်ပြီး တိုးတိုးလေးစကားပြောနေကြသည်။ မင်းပိုင်လင်းသူတို့ဘာလို့အဲ့လိုဖြစ်နေတာလည်းဆိုတာသူသိတယ်..သူဂရုကိုမစိုက်တော့ပဲနေနေလိုက်တယ်..သူအသက်ရှင်နေတာဘေးပတ်ဝန်းကျင်ကြောင့်မဟုတ်ပဲ သူ့နှာခေါင်းပေါက်နဲ့ အသက်ရှူပြီးအသက်ရှင်နေတာကြောင့် အတင်းပြောနေတဲ့သူတွေကို လွှတ်ပေးထားလိုက်တယ်...

မင်းပိုင်လင်းခက်တည်တည်နဲ့ မနက်စာစားဖို့အတွက် ကန်တင်းကိုသွားရောက်ခဲ့သည်။ သူအဲ့ကိုရောက်တာနဲ့ သူမမြင်ချင်တဲ့သူတွေကို မြင်လိုက်ရတာကြောင့် စိတ်ရှုပ်သွားခဲ့တယ်..ထိုသူတွေကတော့ အောင်ဗိုလ်မင်း၊ မောင်နိုင်ထွန်း ၊ ဇင်ဟိန်းတို့သာဖြစ်သည်။ သူစိတ်ရှုပ်နေတဲ့အမူအရာကို မျက်နှာမှာမပေါ်လွင်အောင် လုပ်ခဲ့ပြီး သူထိုင်နေကျနေရာလေးမှာ စားစရာများကိုယူပြီး မထိုင်ချင်ပဲနဲ့သွားထိုင်ခဲ့တယ်..

ဒုတိယအခွင့်အရေး (Arc-4) (Oc)Where stories live. Discover now