Arc-4.1

4.8K 410 46
                                    

( ပေါ်တော့မူလေးလာပါပြီ အပေါ်ကတစ်ယောက်ကတော့ Mcရဲ့အဟမ်း...နာမည်က လီမင်းဂျွန်းပါ)

သူမျက်လုံးစဖွင့်ဖွင့်ချင်းမှာပဲ မျက်စိနောက်စေတဲ့ အလင်းတန်းတွေကိုတွေ့လိုက်ရတယ် ဒါ့အပြင်မြူးကြွစေနိုင်တဲ့သီချင်းသံများကိုလည်းကြားလိုက်သည်။ သူရဲ့ဟိုအရှေ့ကစားပွဲမှာတော့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် အသဲအသန်နမ်းနေတာကိုသူမြင်လိုက်ရတယ်..

သူအဲ့အတွဲကိုမြင်လိုက်ရတော့ နှလုံးသားတစ်ခုလုံးနာကျင်ခံစားလိုက်ရတယ်.. သူ့ရဲ့ကိုယ်ကအဲ့နေရာဆီသွားဖို့လှုပ်စောနေပေမဲ့ သူ့နားထဲမှာကြားနေရတဲ့အသံတစ်သံကြောင့် သူမသွားမိပေ။ တစ်စုံတစ်ယောက်ကသူ့အနားနားကပ်ပြီး " မသွားနဲ့ "ဆိုပြီးထက်ထက်ခါခါပြောနေတာကြောင့်ပေါ။

သူအတွဲကိုကြည့်နေတုန်းက အနောက်ကနေပေါ်ထွက်လာတဲ့ လက်ဝါးကြီးဟာသူ့မျက်လုံးရှေ့ကိုရောက်လာခဲ့တယ်..သူ့အရှေ့ကအတွဲကိုမမြင်ရအောင်လို့ ကာပေးလိုက်တဲ့သဘောပေါ့။ ထိုလက်ရဲ့ပိုင်ရှင်ဟာ..

" boss ပြန်ကြရအောင် အချိန်တော်တော်နောက်ကျနေပြီ..."

"......"
မင်းပိုင်လင်းစကားမပြောပဲ ခေါင်းငြိမ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တယ်..သူစစချင်းမြင်မိတဲ့အရာ မျက်လုံးသာဖြစ်တယ်...စူးရှတဲ့မျက်ဝန်းလေးဟာသူချစ်ရတဲ့ လူကြီးကိုသွားသတိရစေတယ်..ထိုအချိန်မှာပဲရှင်းယွမ်ဟာ..

' မင်းပိုင်လင်း မင်းထွက်သင့်ပြီ..'

' ok..'
သူ့အကြည့်တွေကိုပြန်ရုပ်သိမ်းလိုက်ပြီး ထွက်သွားတော့တယ်..အနောက်ကသူဟာလည်းမင်းပိုင်လင်းနောက်ကို ထက်ကြပ်မခွာလိုက်နေတော့သည်။

ယခုဆိုရင် မင်းပိုင်လင်းဟာကားအနောက်ခန်းမှာ ဇိမ်ကျကျဖြင့်မျက်လုံးမှိတ်ပြီးထိုင်နေလေသည်။ ကားမောင်းသူကတော့ ခုနကမင်းပိုင်လင်းရဲ့အနောက်ကနေ ထွက်ကျပ်မခွာလိုက်ခဲ့တဲ့သူ မောင်းနေတာဖြစ်တယ်...ထိုသူဟာတစ်ချက်ချက်ကျရင် အနောက်ကားမှန်ကနေတစ်ဆင့် အနောက်ကိုကြည့်ဖြစ်တယ်..

မင်းပိုင်လင်းကတော့ ခုနကဒေါသထွက်သလို ၊ ဝမ်းနည်းသလိုဖြစ်နေတဲ့စိတ်ကို ပျောက်အောင်လျော့ချနေတော့တယ်..ခဏအကြာသူ့စိတ်တွေအကုန်လျော့ချနိုင်ခဲ့တယ်.. ရှင်းယွမ်ကိုစကားပြောမလို့ပဲရှိသေး.. ဖုန်းတစ်ကော်ဝင်လာခဲ့တယ်..မင်းပိုင်လင်းလည်းထိုဖုန်းကိုကိုင်လိုက်ပြီး တစ်ဖက်ကဆက်သူပြောမဲ့စကားကို နားထောင်နေလိုက်တယ်..

ဒုတိယအခွင့်အရေး (Arc-4) (Oc)Where stories live. Discover now