Arc-4.10

2.8K 339 13
                                    

ဟန်ဂျင်ဆော့တို့ကတော့ သတင်းစာရှင်းလင်းပွဲကနေထွက်ပြေးလာပြီးတာနဲ့ သူတို့အိမ်ကိုအရင်တန်းသွားသည်။ ဆန္ဒအရမ်းစောနေတဲ့သူကတော့လီမင်းသာဖြစ်သည်။ သူတို့အိမ်ပြန်ရောက်တာနဲ့ လီမင်းဟာအိပ်ခန်းထဲအထိတောင်မသွားနိုင်တော့ပဲ အိမ်ထဲရောက်တာနဲ့ကိုတစ်ခါတည်းရှေ့ဆက်တော့သည်။

သူတို့နှစ်ဦးဟာသာယာနေပေမဲ့လည်း..သတင်းသမားတွေရဲ့မျက်လုံးအောက်မှာ နေနေရတဲ့ဆိုးဝမ်နာကတော့ အဆင်မပြေဖြစ်နေလေတယ်..

" ဒီမှာ..ဒီသတင်းစာရှင်းလင်းပွဲကဟန်ဂျင်ဆော့လုပ်တာနော် ဘာလို့ကျွန်မဘက်ကိုရှင်တို့ကလှည့်လာရတာလည်း.."

" ကျွန်မတို့သိပါတယ် ဒါပေမဲ့ကျွန်မတို့သိချင်တာလေးတွေ ဖြေပေးစေချင်ပါတယ်..."

" ဟူး..ကောင်းပြီလေ ရှင်တို့သိချင်နေမှတော့ ဖြေပေးရတာပေါ့..မေးပါ.."

" မိန်းကလေးကဘာကြောင့် ဂျွန်ဂျီယောင်းနဲ့လမ်းခွဲလိုက်တာလည်း..ဂျွန်ဂျီယောင်းကအခုဆိုရင်အရမ်းချမ်းသာလာပြီဆိုတော့ မိန်းကလေးပြန်ကပ်ချင်လား.."
ဆိုပြီး ဟန်ဂျင်ဆော့ကိုမေးခွန်းမေးခဲ့တဲ့ သတင်းထောက်ဟာအသံကျယ်ကြီးဖြင့် ထပြောလိုက်တယ်..ဆိုးဝမ်နာကထိုလူကိုကြည့်မရဖြစ်နေတာကြောင့်..

" ရှင်က ဘယ်တိုက်ကလည်း.."

" အဲ့..အဲ့ဒါကအရေးကြီးလို့လား..."

" အရေးကြီးတာပေါ့ ရှင်ကသတင်းထောက်အစစ်ဟုတ်လားမဟုတ်ဘူးလားဆိုတာ တိုက်က​နေတဆင့်သိနိုင်တယ်လေ..ရှင့်ပုံစံကြည့်ရတာသတင်းထောက်နဲ့မဆင်လို့..."

" ကျွန်တော်ကသတင်းထောက်အစစ်..မဟုတ်မှဒီလိုမျိုးကျွန်တော်ကို ပြောနေရတာကကျွန်တော်မေးတဲ့မေးခွန်းကို ရှောင်ချင်လို့လား.."

" ဟန့်...ရှင်ကအဲ့လောက်တောင်မှသိချင်ရင်ပြောပြရမှာပေါ့.."

ယခုတော့သတင်းထောက်တွေ ဆိုးဝမ်နာရဲ့ပြောမဲ့စကားကိုစိတ်ဝင်တစားနဲ့ နားထောင်နေတော့သည်။ တိုက်ရိုက်လွှင့်နေတာကိုကြည့်နေတဲ့သူတွေရောပေါ့။ ဒါ့အပြင်ဒီအစီစဥ်ကိုကြည့်နေတဲ့ ဂျွန်ဂျီယောင်းကလည်းဆိုးဝမ်နာဘယ်လိုပြန်ပြောမလဲဆိုတာ စောင့်ကြည့်နေလေသည်။

ဒုတိယအခွင့်အရေး (Arc-4) (Oc)Where stories live. Discover now