Arc-4.2

3.7K 397 36
                                    

( အပေါ်ကတစ်ယောက်ကတော့ ဇာတ်လိုက် ဂျွန်ဂျီယောင်းပါ)

မင်းပိုင်လင်းဇာတ်ကြောင်းရော သူဝင်တဲ့ကိုယ်ရဲ့အကြောင်းရောဖတ်ပြီး မျက်လုံးပြန်ဖွင့်လိုက်ရော သူ့တိုက်ခန်းရောက်နေတာကိုတွေ့လိုက်ရတယ်...

" လီမင်း အိမ်ပြန်ရောက်ပြီဆိုတာ ငါ့ကိုဘာလို့မပြောတာလည်း.."

" boss အနားယူနေတာကိုမနှောက်ယှက်ချင်လို့ပါ..."

"အော်.."
ကားပေါ်ကနေဆင်းလိုက်ပြီး အိမ်ထဲတန်းဝင်လိုက်တော့တယ်..လီမင်းဂျွန်းကတော့ကားကို ကားဂိုဒေါင်ထဲမှာသွားထည့်နေတော့သည်။ သူတို့နှစ်ယောက်ဟာတစ်အိမ်ထဲမှာ အတူတူနေကြတာဖြစ်တယ်.. ဟန်ဂျင်ဆော့ကိုယ်တိုင်ကသူနဲ့အတူတူနေဖို့ ပြောထားချင်ဖြစ်သည်။

လီမင်းဂျွန်းဟာ ဟန်ဂျင်ဆော့ရဲ့ bodyguardဖြစ်တဲ့အပြင် စားဖိုမှူးတစ်ဦးလည်းဖြစ်သည်။ ဟန်ဂျင်ဆော့ဟာအပေါ်ထက်ကို တက်နေတုန်းတစ်စုံတစ်ခုကိုသတိရသွားတာကြောင့် အပေါ်ဆက်မတက်ပဲအလယ်မှာရပ်နေလိုက်တယ်..ခဏနေတော့လီမင်းဂျွန်းအိမ်ထဲကိုဝင်လာခဲ့တယ် လှေကားတစ်ဝက်လောက်မှာ ရပ်နေတဲ့ဟန်ဂျင်ဆော့ကိုတွေ့ရော..

" boss ဘာခိုင်းစရာရှိလို့လည်း.."

" မနက်ဖြန်ငါ့အလုပ်တွေရှိတယ်မှတ်လား.."

" ရှိတယ်boss.."

" အဲ့အလုပ်တွေအကုန်ဖြတ်လိုက်.."

" ဟုတ်.."
ထိုစကားပြောပြီး အပေါ်ကိုဆက်တက်သွားတော့သည်။ နောက်တော့သူ့အခန်းထဲကိုဝင်သွားလေတယ်.. အောက်ထက်မှာကျန်ခဲ့တဲ့ လီမင်းဂျွန်းကတော့ လုပ်စရာရှိတဲ့အလုပ်များကိုလုပ်တော့တယ်.. ဟန်ဂျင်ဆော့ကတော့အပေါ်ထက်မှာနေပြီး လီမင်းဂျွန်းကတော့အောက်ထက်မှာနေရတာဖြစ်တယ်..

%%%
ကုတင်ပေါ်မှာ ပစ်လဲပြီးအနားယူနေတဲ့ ဟန်ဂျင်ဆော့ဟာ..စိတ်ထဲကနေ..

' ရှင်းယွမ်ငါ့ကို ဒီကိုယ်ရဲ့ဆန္ဒ တွေပြောပြအုန်း..'

' ok ဟန်ဂျင်ဆော့ရဲ့ ဆန္ဒတွေကတော့..

1- လီမင်းဂျွန်းကိုသတ်ဖို့ခိုင်းတဲ့သူကို သိချင်တယ်..

2- ထိုသူကိုကလဲ့စားချေပေးပါ

ဒုတိယအခွင့်အရေး (Arc-4) (Oc)Kde žijí příběhy. Začni objevovat