"မင်းတို့ကသာ ပါးစပ်တစ်ပေါက်အားကိုးနဲ့ တစ်စုံတစ်ယောက်ကို မှားယွင်းစွပ်စွဲပြောဆိုတာပဲ။ ရှမ့်ချင်းအမတဂိုဏ်းက အစွမ်းထက်ပေမယ့် မင်းတို့တွေ ကျိုးကြောင်းဆီလျော်တတ်ဖို့ လိုနေသေးတယ်မဟုတ်လား?"

နှာခေါင်းရှည်ရှည် ဓားကျင့်ကြံသူတစ်ဦးက ဝင်၍လှောင်ပြောင်သည်။
"ခင်ဗျားတို့အားလုံးက တစ်ဂိုဏ်းတည်းကအစိတ်အပိုင်းတွေ ဘယ်လိုဖြစ်တယ်ဆိုတာကိုဘေးဖယ်ထားလိုက်တော့..ခင်ဗျားတို့ရဲ့ သက်သေခံပေးတာတွေကို ယုံကြည်ဖို့မဖြစ်နိုင်ဘူး။ ဂိုဏ်းထဲက သူတကယ်တစ်ကြိမ်မှမထွက်ပဲနေခဲ့တယ်ဆိုတာ သံသယဖြစ်စရာကောင်းတယ်။ ဂိုဏ်းအကြီးအကဲကျွမ့်ထျန် ...ခင်ဗျားတကယ်ပဲ သူဂိုဏ်းထဲမှာအမြဲရှိခဲ့ပြီး တစ်ခါမှအပြင်မထွက်ဖူးဘူးဆိုတာကို အတည်ပြုနိုင်လို့လား?"

"ဆရာတူညီဇိုက သတ္တမလရဲ့ဆယ့်ငါးရက်မြောက်နေ့မှာ သေဆုံးခဲ့တယ်။ ခင်ဗျား ကောင်းကင်ကိုတိုင်တည်ပြီး အဲဒီနေ့က ဟွားချဲ့ဂိုဏ်းမှာရှိနေတယ်ဆိုတာကို ကျိန်တွယ်ရဲသလား?"

ကျွမ့်ထျန်၏စကားလုံးတို့ ပျောက်ရှသွားရသည်။

"ဇိုချီဘယ်မှာသေသွားတာလဲ?"
အဝေးမှရောက်ရှိလာသောဟွားချဲ့သည် တံခါးဝကိုကျော်ဖြတ်လာသည်။

နှာတံရှည်ဓားကျင့်ကြံရေးသမားလုယောင်သည် စကားပြောရန် တွန့်ဆုတ်သွားခဲ့သည်။ သူနဲ့အတူပါလာတဲ့အဖော်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်မိသည်။

ထိုဓားကျင့်ကြံသူက ထပ်မံလှောင်ပြောင်လိုက်ပြန်သည်။
"ယို့ နောက်ဆုံးတော့မင်းထွက်လာပြီလား? မင်းသူရဲဘောကြောင်ပြီး ထွက်လာဖို့ဝံ့ရဲမှာတောင်မဟုတ်ဘူးလို့ ငါကထင်နေတာ!"

"သူ့ကိုသတ်လိုက်တဲ့လူက ငါမှမဟုတ်တာ။ ဘာကြောင့်ငါကထွက်မလာရဲဖြစ်ရမှာလဲ?"
ဟွားချဲ့သည် သူ့စိတ်ထဲတွင် တိတ်တဆိတ်လှောင်ပြောင်နေမိသည် - အကယ်၍သူဟာ ဇိုချီ့ကိုတကယ်သတ်ခဲ့တဲ့လူဖြစ်နေရင်တောင် သူထွက်ပေါ်လာဖို့ သတ္တိရှိနေဆဲပင်။

လုယောင်က
"ဆရာတူအစ်ကိုဇိုက 'လရောင်တောက်ပ' တောင်ကြားမှာ သေဆုံးသွားခဲ့တယ်"  

Everyday, Demon Lord is Escaping His Marriage {MM Translation}Where stories live. Discover now