"ဦး"

"ဗျာ သည်းငယ်လေး"

"ဦးမျက်နှာကလေ ပြုံးရွှင်ပြီး ကြည်နူးနေတာပဲ"

"ဟုတ်လား သည်းငယ်ဘေးနားမှာရှိလို့ထင်တယ်"

"အွန်း အရမ်းမိုက်တယ် ဦးရဲ့ခုပုံစံက ကျက်သရေရှိတယ်လို့ ပြောလို့ရတယ်"

"သည်းငယ် ပြောမှပဲ ဘ၀င်တောင်မြင့်ချင်လာပြီ"

"တကယ် ဦးရဲ့သိရဲ့လားကျွန်တော်ကပဲ ချစ်လို့လား မသိဘူးဦးကပြုံးနေရင်လဲ ခန့်တယ် ဒေါသထွက်တော့လဲmafiaလိုလို ဘာလိုလိုနဲ့အရှိန်အဝါနဲ့ မိုက်နေရော ဒါပေမယ့်နော် ထင်လို့စော်ကြည်ဘဲကြည်ကောင်လေးကတောင် ငါ့ကိုဒီလောက်ချစ်နေတာ တခြားလူတွေဆို ဘယ်လောက်ချစ်မလဲဆိုပြီး ဖောက်ပြန်ကြည့်နော် ဟွန်း ဟွန်း အဖိုးကြီး ဘုရားပေါ်မှာမို့ မပြောချင်ဘူး"

"အာ...မဟုတ်တာပဲ ဒီကောင်လေးကိုတောင် ချစ်လို့မ၀သေးတာကို"

"ဒါဆို ချစ်လို့၀သွားရင်ရော"

"ဟော‌ဗျာ ဘယ်တော့မှကို၀မှာမဟုတ်ဘူးဗျ ခုလိုနီးနီးကပ်ကပ်နေရတော့လဲ ရင်တွေခုန်ပြီးအချစ်တွေတိုးလာရော အလုပ်သွားတဲ့အချိန်ဝေးနေပြန်တော့ လွမ်းလွန်းလို့အချစ်တွေတိုးလာပြန်ရော ဖက်ထားတော့လဲ မလွှတ်ချင်လောက်အောင် အချစ်တွေတိုးနေတာ သည်းငယ်အသားလေးနမ်းရတဲ့ အချိန်ဆို အရေးပေါ်အခန်းထဲမှာoxygenပေးထားတဲ့လူလို ရပ်တန့်လိုက်ရင် သေတော့မလို ဦးလဲအသက်ကြီးမှ ဒီကလေးလေးကြောင့် ရင်ခုန်တာ ခုလိုလက်လေးကိုင်ထားတာကအစ ကြည်နူးမှုနဲ့ စိတ်လှုပ်ရှားနေတာ"

"ဟီး ဦး ကျွန်တော့်ကိုအဲ့လောက်တောင် ချစ်လား"

"အဲ့ထက်ကိုပိုတယ် ပြောမပြတတ်ဘူး ဘယ်လောက်အတိုင်းအထိချစ်လဲဆိုတာ ပြီးတော့သည်းငယ်ကိုမြတ်နိုးတယ် သည်းငယ်ရဲ့အရာရာတိုင်းမြတ်နိုးတယ် ဆံချည်မျှင်လေးတွေ လက်သည်းခွံလေးတွေကအစ မြတ်နိုးတယ် သဘောကျတယ်"

ထင်က လမ်းဆက်မလျှောက်ဘဲ ပြုံး၍ရပ်ကြည့်နေသည်။

"သည်းငယ် ဘာတွေအဲ့လောက်သဘောကျပြီး ပြုံးစိစိလေးနဲ့ရပ်နေတာလဲ ဦးကိုပြောပါအုံး"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now