ရှင်းဟန် စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်သည်။

နွဲ့ဝမ်ရှီး-" ရှင်းဟန် "

ဝမ်ရှီးမှာ ရှင်းဟန်အပြောကြောင့် ဝမ်းနည်းတာတောင် ဘယ်ရောက်သွားမှန်းမသိတော့ပေ။

" ဟေ...နွားက...ကျောင်းမှာရှိတယ်လား...ရှိတယ်ပဲထားပါတော့...မင်းတို့ကဘာသွားလုပ်လို့...ကန်ခံလိုက်တာလည်း "

host-" အဟင်း...ကျွန်တော်လည်းဘယ်သိမလဲ...ကန်ခံရတာ....ကျွန်တော်မှ...မဟုတ်တာ...အဟင်း "

^^ အဲ့တာခင်ဗျားစောက်လုပ်လား...ဆရာရယ်...ကုစရာရှိတာမြန်မြန်မကုဘူး....လေပဲပေါနေတယ်....မသိရင်...interview လာဖြေနေတဲ့အတိုင်းပဲ.... သောက်အိိိိီး... ^^

ရှင်းဟန် စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ထားလိုက်သည်။

အန်းထိုက်ဖုန်း-" ကိုကို...ဟင့်.... "

ထိုက်ဖုန်း ကြောက်ရွံနေသလို ပုံစံလေးနဲ့ ကိုကိုရဲ့ ရင်ခွင်ထဲကို ပိုပြီးတိုးဝင်လိုက်သည်။

ချင်ဖန်ရှိ-" ဖုန်းအာ...မကြောက်နဲ့....ကိုကိုရှိတယ်....အဟက်...ထပ်တွေ့ပြန်ပြီ...ရှီး.... "

ဖန်ရှိ ဖုန်းအာရဲ့ကိုယ်လုံးလေးကို ပိုပြီးတင်းတင်းကျပ်ကျပ်လေး ပွေ့ဖက်လိုက်သည်။

host-" အော်....ဘယ်သူလဲမှတ်တယ်....နွားလေးပါလား....ဘာလာလုပ်တာလဲဟန်...ပုရွက်ဆိတ်ကိုက်ရာလောက်နဲ့....ကျောင်းဆေးခန်းလာပြတာတော့....မဟုတ်လောက်ပါဘူးနော်....ဆရာရဲ့အချိန်တွေက....အဲ့လောက်အားမနေဘူးနော့်...ဆရာရာ "

ရှင်းဟန် ဆရာက ဝမ်ရှီးကို ဆေးထည့်ပေးနေစဥ် ဇာတ်လိုက်မကို ပွေ့လာသော ဇာတ်လိုက်ကြောင့် ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။ ရှင်းဟန်ရဲ့ မျက်နှာဟာ သူပြောတဲ့စကားနဲ့ လုံးဝလိုက်ဖက်နေမှုမရှိလောက်အောင် ပန်းတွေဖြင့် ဝေဆာနေသော မျက်နှာထားဖြစ်နေလေသည်။

" အမ် "

သူကိုပါ အဖော်လာစပ်နေသော ကလေးစုတ်လေးကြောင့် ကြောင်တောင်တောင်ဖြစ်သွားရလေသည်။

ချင်ဖန်ရှိ-" မင်း...ဘာစကားပြောတာလဲ...တစ်ချို့အူပုတ်လုပ်လိုက်လို့....ငါရဲ့ဖုန်းအာ...အနာတရဖြစ်ရတာလည်း.... "

ဖန်ရှိ ဆေးထည့်နေသော ဝမ်ရှီးကို ကြည့်ကာပြောလိုက်သည်။ ဒါပေမယ့် ဝမ်ရှီးက သူ့ကိုတစ်ချက်မျှပင် လှည့်မကြည့်၍ ဒေါသထွက်ရပြန်သည်။

host-" အော်....ဟုတ်လား...ရှင်းဟန်ကလေ....ဝမ်ရှီးမျက်နှာကို...နွားကန်လိုက်လို့....ဟော့ဒီက...ဆာဆာကြီးဆီ...လာပြတာပါခင်ဗျ.....အဟီးးး "

နွဲ့ဝမ်ရှိ-" ရှင်းဟန်!!... ငါနာနေလို့ "

ဝမ်ရှီး ကျချင်နေတဲ့ မျက်ရည်တွေကြောင့် ရှင်းဟန်ကို ကြည့်ကာပြောလိုက်သည်။ ခုချိန်မှာ သူ့ရဲ့အင်အားက ရှင်းဟန်သာ ။ သူအချစ်ဆုံးသူငယ်ချင်းက အခုရှင်းဟန်တစ်​ယောက်တည်းအဖြစ် သတ်မှတ်ထားလိုက်သည်။

host-" ဟန်....ရှီးကော....တော်တော်နာနေတာလား.....မကြောက်နဲ့နော်.....နောက်မနာတော့ဘူး....ကျွန်တော်လက်ကိုင်ထား "

^^ အဟက်....ဇာတ်လိုက်...မင်းကိုလွယ်လွယ်နဲ့....ခွင့်မလွှတ်နိုင်ဘူး....ဝမ်ရှီးခံစားရသလိုပြန်ခံစားစေရမယ်....ဟက် ^^

ရှင်းဟန် ဝမ်ရှီးရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ဘာဘဲဖြစ်ဖြစ်ခုချိန်မှာ လုံးဝမငိုမိပါစေနဲ့ ။ ဝမ်ရှီး မင်းလုံးဝ အားငယ်လို့မဖြစ်ဘူး။

ချင်ဖန်ရှိ-^^ ရှီး.....မင်းတို့....ငါဒီကောင်ကို...အသေသတ်ပစ်ချင်လာပြီ.....တောက် ^^

ဖန်ရှိ ဒေါသထွက်လွန်းတာကြောင့် အမှတ်မထင် ဖုန်းအာကို ပွေ့ထားတဲ့လက်တွေကို တင်းကြပ်မိသွားသည်။

အန်းထိုက်ဖုန်း-" အ...ကိုကို....အဟင့်....နာတယ်လို့ "

.....

Writer - ကျွန်တော် ....သင်တန်းတက်ရမှာမို့....လေးရက်နေ့နောက်ပိုင်း....သိပ်ပြီး....up ပေးနိုင်မှာမဟုတ်ပါဘူး.....ဒါကြောင့်.... ဒီရက်တွေမှာ....up နိုင်သလောက်.....up ပေးပါ့မယ်

system one o six(106) S -1 ( Z &U )Where stories live. Discover now